မကွေး ဇူလိုင် ၅
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၅ ရက် နေ့လယ် ၂ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင် တက်ရောက် လမ်းညွှန် မှာကြားသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က လက်ရှိဖြစ်ပွားနေတဲ့ Coronavirus ရောဂါ Third Wave ဖြစ်ပွားနေမှုအား ထိန်းချုပ်ရန် အားလုံးပူးပေါင်း၍ အစီအစဉ်များ စနစ်တကျရေးဆွဲပြီး အလေးထားဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ် ရန်အတွက် ဆောင်ရွက်ရာမှာ မြို့နယ်အလိုက် သတ်မှတ်ထားသည့် Standard Operating Procedure များ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန် အထူးအရေးကြီးပြီး အဆိုပါ SOP များ ကို လိုက်နာမှု ရှိ/မရှိ သက်ဆိုင်ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူများ အနေဖြင့် ရပ်ကွက် လမ်းများအလိုက် အစုအဖွဲ့များဖြင့် စနစ်တကျ စစ်ဆေးကြပ်မတ်ရန် အရေးကြီးကြောင်း၊၎င်းအပြင် မိမိစီမံအုပ် ချုပ်ရာ နယ်မြေအတွင်းရှိ လူစုလူဝေးထူထပ်ရာနေရာများဖြစ်သော ဈေးများ၊ရုံး/ဌာနများ၊ စက်ရုံအလုပ်ရုံများနှင့် စာသင်ကျောင်းများတွင် သတ်မှတ်ထားသည့် SOP များနှင့်အညီ ရောဂါကာ ကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ်သွားရန် အရေးကြီးကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုသည် လက်ရှိနှုန်းထားအတိုင်း ဆက်လက်မြင့်တက်နေပါက ရောဂါကုသမှုတွင် မရှိ မဖြစ်လိုအပ်သည့် အောက် စီဂျင်ပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်ရာ အောက်စီဂျင်ရရှိမည့် နေရာများ ကြိုတင်ရှာဖွေထားရန်နှင့် အမြောက်အမြားထုတ်လုပ်နိုင်သည့် နေရာများမှ ရယူသုံးစွဲမည့် အခြေအနေများကို ကြိုတင်စီမံထား ရန်လည်း အရေးကြီးကြောင်း၊ COVID-19 ရောဂါ ကူစက်မှုအား ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအတွင်းရှိ Volunteer များ လူမှုရေးအသင်း အဖွဲ့များ၏ အင်အားကို ရယူသုံးစွဲနိုင်ရန် အထူးလိုအပ်ပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များအနေဖြင့် မိမိတို့နယ်မြေအတွင်ရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး စည်းရုံးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း စသည်ဖြင့် မှာကြားသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမင်းဦးက လုံခြုံရေး၊ တရားဥပဒေစိုးရေး၊ သွားလာမှုကန့်သတ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး၊ အစည်းအဝေးတက်ရောက်လာသူ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူတို့က မိမိဒေသအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကာ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သည့် တင်ပြချက်များ အပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။