မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းတွင်တည်ရှိပြီး အကျယ်အဝန်း အားဖြင့် ၄၄,၈၂၀ စတုရန်း ကီလိုမီတာ (၁၇,၃၀၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ မကွေးမြို့ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီတို့ဖြင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။
ပထဝီဝင်အနေအထား
ဧရာဝတီမြစ်သည် တိုင်းဒေသကြီး၏ အလယ်ဗဟိုကိုဖြတ်သန်းလျက် မြောက်မှတောင်သို့ စီးဆင်းသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းဒေသများသည် မြေပြန့်များဖြစ်ပြီး၊ အနောက်ဘက်ခြမ်းဒေသများသည် ရခိုင်ရိုးမ၏ အရှေ့ဘက် ရေဝေကြောဖြစ်သည်။ ဧရာဝတီမြစ်အတွင်းသို့ အရှေ့ဘက်ခြမ်းမှ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းနေချောင်းစသည့် ချောင်းကြီးများ၊ အနောက်ဘက်မှ ချင်းတွင်းမြစ်၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်းများ စီးဝင်လျက်ရှိသည်။
ရာသီဥတု
မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အလယ်ပိုင်းချိုင့်ဝှမ်းဒေသဖြစ်၍ မိုးအလွန်နည်းပြီး ပူပြင်းသောရာသီဥတုရှိသည်။
ခရိုင်နှင့်မြို့နယ်များ
မကွေးတိုင်းဒေသကြီးသည် ခရိုင် (၅) ခရိုင်နှင့် မြို့နယ်ပေါင်း (၂၅)မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး မြို့ပေါင်း (၃၂) မြို့၊ ရပ်ကွက်ပေါင်း (၁၉၉) ခု၊ ကျေးရွာအုပ်စုပေါင်း (၁၅၃၈) အုပ်စု နှင့် ကျေးရွာပေါင်း (၄၇၈၈) ရွာ ပါဝင်ပါသည်။ ခရိုင် (၅) ခုမှာ
မကွေးခရိုင်တွင်
မင်းဘူးခရိုင်တွင်
သရက်ခရိုင်တွင်
ဂန့်ဂေါခရိုင်တွင်
ပခုက္ကူခရိုင်တွင်
လူဦးရေ
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မကွေးတိုင်းဒေသကြီးတွင် လူဦးရေ (၃.၉)သန်း နေထိုင်ကြပြီး ကျေးလက်နေပြည်သူပေါင်း ၈၅ ရာခိုင်နှုန်းရှိပါသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် (၇၆)ဦးဖြစ်ပါသည်။
ပညာရေး
မကွေးတိုင်းဒေသကြီးတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံကျောင်းပေါင်း (၁၇) ခုရှိသည်။ ၎င်းတို့မှာ
ရေနံမြေများ
မကွေးတိုင်းဒေသကြီး၏ အဓိကတွင်းထွက်သယံဇာတမှာ ရေနံနှင့်သဘာဝဓါတ်ငွေ့ဖြစ်သည်။ ရေနံမြေများမှာ
အဓိကထွက်ကုန်များ
မကွေးတိုင်းဒေသကြီးသည် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ အဓိကစိုက်ပျိုးပြီး မြန်မာပြည်၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရသည့် တိုင်းဒေသကြီးဖြစ်သည်။ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ စပါး၊ ပြောင်း၊ ကျွန်းသစ်၊ ပိတောက်၊ အင်၊ အင်ကြင်း၊ သစ်ရာ၊ ပျဉ်း၊ ပျဉ်းကတိုး၊ ဝါးအမျိုးမျိုးနှင့် အာလူး စသည်တို့ အဓိက စိုက်ပျိုးကြသည်။
စက်မှုလုပ်ငန်းများ
မကွေးတိုင်းဒေသကြီး၏ အဓိကစက်မှုဇုံများမှာ ပခုက္ကူစက်မှုဇုံနှင့် ရေနံချောင်း စက်မှုဇုံ တို့ဖြစ်ကြသည်။ ထင်ရှားသည့် စက်ရုံများမှာ
ထင်ရှားသော နေရာများ
မကွေးတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားကျော်ကြားသည့်နေရာများမှာ
ထင်ရှားသည့် မြစ်ကူး၊ ချောင်းကူး တံတားကြီးများ
စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
မကွေးတိုင်းဒေသကြီး အနောက်ခြမ်းဒေသများဖြစ်သော မင်းတုန်း၊ ငဖဲ၊ စေတုတ္တရာ၊ ဆော၊ ထီးလင်း၊ ဂန့်ဂေါမြို့နယ်များတွင် မြေပြန့်ချင်းလူမျိုးများ နေထိုင်ကြသောကြောင့် ချင်းတိုင်းရင်းသား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကို တွေ့ရှိရပါသည်။ ထို့ပြင် ပခုက္ကူတောင်တန်းဒေသ၏ ထီးလင်း၊ ဂန့်ဂေါ၊ ဆော စသည့် မြို့ (၃) မြို့သည် ဗမာမျိုးနွယ်စုတွင်ပါဝင်သော ယောလူမျိုးများ နေထိုင်ရာ အရပ်ဖြစ်ပြီး ယောဒေသ ဟု ခေါ်တွင်သည်။ဆင်ဖြူကျွန်းဒေသကျပင်းမြို့ဟောင်းရှိပျူခေတ် ရှေးဟောင်းအမွေအနှစ် မြေအိုးဆေးရိုးများတွေ့ရသည်။ စံမြန်မာစကားနှင့် အသံထွက် အနည်းငယ်ကွဲလွဲသည်။ ထိုယောဒေသမှထွက်သော ယောလုံချည်ကို ကိုလိုနီခေတ်က မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စုံ အဖြစ် ဝတ်ဆင်ကြသည်။
မကွေးတိုင်းဒေသကြီး၏ မြေပုံ