မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး ဇူလိုင် ၂၅

မကွေးဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်သည် အဖွဲ့ဝင် (၁)ဗိုလ်မှူးကြီးကျော်ကျော်လင်း၊အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်၊အတွင်း ရေးမှူးဦးဝင်းရှိန်နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန်က မကွေးမြို့၊ အဝေးပြေး ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် ပထမအကြိမ် ရောက်ရှိလာသည့် အောက်စီဂျင်အိုးများ စနစ်တကျ ထားရှိဆောင်ရွက်နေမှုနှင့် အောက်စီဂျင်စက်ရုံတည်ဆောက်နေမှု အခြေ အနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါကူးစက်မှုမြင့်မားနေသည့် ကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အောက်စီဂျင်လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ မကွေးမြို့၊ အဝေးပြေး ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် အောက်စီဂျင်စက်ရုံ တည်ဆောက်လျက်ရှိပြီး အဆိုပါအောက်စီဂျင်စက်ရုံအတွက် (၄၀)လီတာဆံ့အောက်စီဂျင်အိုး အလုံး (၁၀၀၀)မှာယူထားရာ ဇူလိုင်လ ၂၅ ရက်ယနေ့ ညနေပိုင်းက(၄၀) လီတာဆံ့ အောက်ဆီဂျင်အိုးအလုံး (၂၀၀) ပထမအကြိမ် စတင်ရောက်ရှိခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့သည် အောက်စီဂျင်အိုးများအား မကွေးမြို့ အဝေးပြေးကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းတွင် တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်၊ကြက်ခြေနီနှင့်လူမှုရေးအသင်းအဖွဲ့များမှ စနစ်တကျထားရှိဆောင်ရွက်နေမှုအား ကြည့်ရှုအား‌‌

ပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး၊အဆိုပါ၀န်းအတွင်း အောက်စီဂျင်စက်ရုံတည်ဆောက် ပြီးစီးမှုအခြေ အနေအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်ရက်လျှင် အောက်စီဂျင် (၄၀)လီတာအိုး အလုံး(၃၀၀) ထွက်ရှိသည့်စက်(၁)လုံးနှင့်အောက်ဆီဂျင်(၄၀ ) လီတာအိုး အလုံး (၁၀၀) ထွက်ရှိသည့် စက် (၃)လုံးဖြင့် တိုင်းဒေသကြီးအတွင်းရှိပြည်သူများ အောက်စီဂျင်လုံလောက်စွာရရှိရေးစီမံဆောင်ရွက်လျက်ရှိရာ စေတနာ ရှင် ပြည်သူများအနေဖြင့် (၄၀)လီတာဆံ့ အောက်အာက်ဆီဂျင်အိုး(၁)အိုးလျှင် အလှူငွေ (၂၅၀၀၀၀/-) ကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆက်သွယ်လှုဒါန်းနိုင်ကြောင်း သိရသည် ။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ