မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး ဇူလိုင် ၃၀

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင် တက်ရောက်၍ ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင်က လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019(COVID-19) ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည့် လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ များအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင် များက တက်ရောက်လာသည့် လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးဆောင်ပစ္စည်းများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ခရိုင်(၅)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များထံ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးဆောင်ပစ္စည်းများဖြစ်သည့် Mask (၁၀၀၀၀၀)ခု ၊ PPE ဝတ်စုံ (၂၀၀၀) စုံ၊ Hand Gel (၅၀၀)ဗူး၊ ရော်ဘာလက်အိတ်(၁၂၅၀၀)စုံ၊ Face Shield (၁၂၅၀၀)ခုတို့အား လည်းကောင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ခရိုင်အလိုက် ထောက်ပံ့ငွေများအဖြစ် မကွေးခရိုင် (၄၇၅) သိန်း၊ မင်းဘူးခရိုင် (၃၅၀)သိန်း၊ သရက်ခရိုင်(၃၇၅)သိန်း၊ ပခုက္ကူခရိုင် (၃၇၅)သိန်းနှင့် ဂန့်ဂေါခရိုင် (၂၀၀)သိန်း၊ စုစုပေါင်း (၁၇၇၅)သိန်းတို့အား လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ