မကွေး ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦိးတင့်လွင်သည် အဖွဲ့ဝင်(၁) ဦးစိုင်းမြင့် အေး၊အဖွဲ့ဝင်(၅)ရဲမှူးကြီးလှိုင်တင့်၊တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင် အောင်တို့ လိုက်ပါကာ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမသို့ရောက်ရှိပြီး Oxygen Plant တည်ဆောက်ရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ Oxygen Plant တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများ မေးမြန်းကာ ကော်မတီဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး Oxygen Plant တည်ဆောက်မည့်မြေနေရာသို့ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။
ထိုမှတစ်ဆင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတွင် ဆေးဝါး ကုသမှုခံယူနေသော လူနာများအတွက် အဟာရဖြည့်စွက်စာများ လှူဒါန်းထောက်ပံ့ပေးခဲ့ပြီး၊ စကုမြို့ သို့ ဆက်လက်ထွက်ခွာရာ ၂ နာရီ ၄၅ မိနစ်အချိန်တွင် စကုမြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ကြည့်ရှုမေးမြန်းကာ လူနာများအတွက် ကြက်ဥ၊ ခေါက်ဆွဲ ခြောက်နှင့်ကွေကာထုတ်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ စကုမြို့ဈေးကြီး ပြန်လည်တည်ဆောက် ပြီးစီးမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး အရည် အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ချိန်ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး စကုမြို့ကန်ဦးရိပ်သာသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ လူနာများအတွက် အာဟာရဖြည့်စွက်စာများကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါလျော့နည်းပပျောက်စေရန်အတွက် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်၍ Contact Person များဖော်ထုတ်ပြီး
စင်တာများဖွင့်လှစ် ဆောင်ရွက်ရန် မှာကြား၍ ကိုဗစ်စင်တာ တွင် တာဝန်ထမ်းဆောင်နေကြသည့် မီးသတ်၊ ကြက်ခြေနီနှင့် Volunteer များအတွက် စားသောက် စရိတ်ငွေကျပ်(၅၀၀၀၀/ိ-) နှင့် Dead Body အိတ်ဝယ်ယူရန် ငွေကျပ်(၉၀၀၀၀/ိ-) ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။