သြဂုတ်လ ၂ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် သရက်ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်နိုင်ရေးအတွက် ကော်မတီဝင်များသာမက မြို့မိမြို့ဖများ၊ Volunteer များ၊ ပြည်သူများ အားလုံးပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှသာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး သရက်ခရိုင်ဆေးရုံအတွက် Oxygen Concentrator (၁၀)လီတာ (၄) လုံးနှင့် (၅) လီတာ တစ်လုံးတို့အား လှူဒါန်းရာ ခရိုင်ဆရာဝန်ကြီးဒေါက်တာညွန့်ရွှေအောင်နှင့် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးလတ် တို့မှ လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် Oxygen plant စက်ရုံတည်ဆောက်နိုင်ရေး ဆေးရုံဝန်းအတွင်းရှိမြေနေရာအား ကြည့်ရှု၍ လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် မြို့ဝင်ထွက်ဂိတ်ဖြစ်သည့် ထုံးတောင်ဂိတ်အား ကြည့်ရှုစစ်ဆေးပြီးခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးနှင့် သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်တို့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူလူနာများအား ပို့ဆောင်ပေးရာတွင် ကူညီဆောင်ရွက်ပေး နေသည့် Volunteer များအတွက် PPE ဝတ်စုံနှင့် ကာကွယ်ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ သုခရတနာ နှင့် မြတ်ပါရမီပရဟိတ အသင်းများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။