မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး သြဂုတ် ၃

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ပိုင်းက အတွင်းရေးမှူး ဦးဝင်းရှိန် နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ သောင်းလှိုင်တို့ လိုက်ပါကာ မကွေးမြို့၊ အမှတ်(၁)နှင့် အမှတ်(၄)အခြေခံပညာကျောင်း များတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကိုဗစ်ကာကွယ် ဆေးများ ထပ်မံရောက်ရှိလာပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန် ကျန်ရှိနေသူ များအား ယခင် သတ်မှတ်ထားသည့် စုရပ်နေရာအသီးသီးမှာ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း လိုက်လံနှိုးဆော် ဆောင်ရွက်ကြဖို့နှင့် အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေး ရမည့်သူများ ကျန်ရှိမှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးကြရန် မှာကြား ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး စုရပ်နေရာ အသီးသီးတွင် အသက် အရွယ်ကြီးသူများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ပထမဦးစားပေး ထိုးနှံပေးလျက်ရှိကာ ကာကွယ်ဆေးထိုးရန် အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာ ရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ