ပခုက္ကူ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ဩဂုတ် ၁၉ရက် နေ့လယ် ၁ နာရီက ပခုက္ကူခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ၊ကော်မတီဝင်များနှင့်တွေ့ဆုံ ဆွေး နွေးသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ပခုက္ကူခရိုင်အတွင်းရှိ ပြည်သူများ အား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများထိုးနှံပေးမှုအခြေအနေ၊ ကာကွယ်ဆေး လုံးဝထိုးနှံခြင်းမရှိသေးသည့် ပြည်သူများနှင့်ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ဆက်လက်ထိုးနှံပေးရန် ဆောင် ရွက်မည့်လုပ်ငန်းအစီအစဉ်၊ ခရိုင်အတွင်း Stay at Home (နေအိမ်နေထိုင်ရေး) အကျုံးဝင်သည့်မြို့နယ်များရှိ ပြည်သူများ အနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း များပြားခြင်းနှင့်အတူ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် လိုအပ်သည်များ တင်ပြကြရန် ပြောကြားသည်။
ဆက်လက်၍ပခုက္ကူ၊ရေစကြို၊မြိုင်နှင့်ဆိပ်ဖြူမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါပိုးနေ့စဉ်စစ်ဆေးပေးနေမှု၊ ပိုးတွေ့ရှိမှုနှင့်သေဆုံးမှုအခြေအနေ များ၊ အောက်ဆီဂျင်လိုအပ်မှုအခြေအနေ၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်နေမှု၊ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပြီး ခရီးသည်များအား ကြပ်မတ်စစ်ဆေးနေမှု၊ ပါးစပ် နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး လှုပ်ရှားဆောင်ရွက်နေမှု၊ သတ်မှတ်ချိန်ထက်ကျော်လွန်၍ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအား စစ်ဆေးအရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးများသိုလှောင်သိမ်းဆည်းခြင်း၊ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်၍ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက မြို့နယ်များအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ထပ်မံဖြည့်စွက်ပြန်လည်ပြောကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရသည်။