မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး သြဂုတ် ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံ စားသောက်ကုန် များ ထောက်ပံ့ပေးအပ်ရာ ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ အခြေခံ စားသောက် ကုန်(၄)မျိုးနှင့် နှာခေါင်းစည်း Mask များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဝင်ငွေနည်း အိမ်ထောင်စုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ပိုင်းက မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရ သွင်ကို ကို၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးကျော်ကျော်ဟန်၊ အတွင်းရေးမှူး ဦးဝင်းရှိန်၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များလိုက်ပါကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်အရ မကွေးမြို့၊ အောင် မေတ္တာ(က၊ ခ၊ ဂ၊ ဃ) ရပ်ကွက်တို့မှ စားသောက်ရေး အခက် အခဲ ဖြစ်ပေါ်နေသည့် အခြေခံ လူတန်း စား အိမ်ထောင်စု(၆၀၀)တို့အတွက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ကြက်သွန်(၂)ပိဿာ၊ ကြက်ဥ(၂၀) လုံး၊ ခေါက်ဆွဲခြောက်( ၅ )ထုတ်နှင့် Mask (၁၀)ခု တို့အား ထောက်ပံ့ဆောင်ရွက်ပေးခဲ့ရာ ပြည်သူများမှ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် အခက်အခဲဖြစ်ပေါ်နေချိန်တွင် ထောက်ပံ့ပေးမှုအတွက် ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုကြောင့် မကွေးမြို့ပေါ်တွင် ပိုးတွေ့လူနာများ လျော့နည်း လာပြီဖြစ်သော်လည်း အချို့မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများတွင် နှာခေါင်းစည်း Mask တပ်ဆင်မှု အားနည်းခြင်းကြောင့် ပိုးတွေ့ရှိမှုနှုန်းမြင့်မားလျက်ရှိပြီး၊ ပိုးတွေ့ရှိမှုနှုန်းလျော့ချ ကာကွယ်နိုင်ရန်နှင့် Mask တပ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ (၂၅-၈-၂၀၂၁) ရက်နေ့မှ(၃၁-၈-၂၀၂၁)ရက်နေ့ထိ ရက်သတ္တပတ်ကို မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ များတွင် Mask Campaign ပြုလုပ်ကာ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှ တစ်ဆင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများအား တစ်အိမ် လျှင် Mask(၁၀)ခုနှုန်းဖြင့် Mask(၅)သန်းကို အိမ်တိုင်ရာ ရောက် အခမဲ့ဖြန့်ဝေ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ