မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

ပွင့်ဖြူ       ဩဂုတ်      ၂၈

          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် အောက်ဆီဂျင်စက်ရုံ အ‌ကောင် အထည်ဖော် တည်ဆောက်လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦး‌အောင်မြတ်ခိုင်နှင့် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ ဦးတင်ဝမ်း တို့က အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုလုပ်ငန်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး ၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တို့က အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်သော လူနာများ အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အမြန်တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

          အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယင်း အောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း ၊  လိုအပ်သော စက်ရုံတည် ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

          တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုးအလုံးရေ ၁၂၀ ခန့် ထုတ်လုပ်ရရှိမည်ဖြစ်သဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြား နာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေစွာ ဖြန့်ဝေပေးသွားနိုင်မည်ဖြစ်ကြောင်း   အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ဥက္ကဌ ဦးတင်ဝမ်း ထံက သိရသည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ