မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

စလင်း၊ဩဂုတ် ၂၉

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT-Test Kit ဖြင့် ကျေးရွာများအရောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ဩဂုတ်လ ၂၈ ရက်နေ့  ၃ နာရီ ၃၀ မိနစ်အချိန်က ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာပေါင်း(၁၃)ရွာရှိ မိဘပြည်သူ (၄၄၈)ဦးကို စစ်ဆေးခဲ့ရာ (၂၄)ဦး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သည်။

          စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ တားဆည်းကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ စီးပွားရေးရာ ဝန်ကြီးဦးအောင်ချိန်၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးထွန်းထွန်းဝင်း၊ စလင်းမြိုနယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးနေလင်းနိုင်၊ မြိို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေ၊ ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာကျော်ထက်အောင်နှင့် တာဝန်ရှိသူများ က ကျေးရွာအရောက် RDT-Test Kit ဖြင့် စစ်ဆေးနေမှုများကို စလင်းမြို့နယ် ဇောင်ချမ်း ကုန်းကျေးရွာ၊ ရွာသာကုန်းကျေးရွာအုပ်စုများသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြသည်။ ယင်းနောက် စလင်းမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌ ဦးနေလင်းနိုင်နှင့် မြို့နယ်ကျန်းမာရေးမှူး ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများ က ကျေးရွာအုပ်စု(၇)အုပ်စု၊ ကျေးရွာပေါင်း(၁၃)ရွာရှိ ပြည်သူလူထုများကို ကိုဗစ်-၁၉ရောဂါ ရှိမရှိကို RDT-Test Kit ဖြင့် ကျန်းမာရေးမကောင်းသူများနှင့် သံသယရှိသူ (၄၄၈)ဦးကို စစ်ဆေးဆောင်ရွက်ခဲ့ရာ (၂၄)ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည်။ အဆိုပါရောဂါပိုးတွေ့ရှိ သူများမှာ ကျပင်းကျေးရွာအုပ်စု၊ ကျပင်းတောင်ရွာမှ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၆)ဦး၊ ညောင်အင်းအုပ်စု၊ နတ်စဉ်ကျေးရွာမှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၇)ဦးတို့ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူများကို ကျပင်း(အ.ထ.က)ရှိ Facility Quarantine နှင့် နေအိမ်သီးသန့်ခန်းများတွင် ထားရှိကုသပေးသွားမည်ဖြစ်ပြီး စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း (၁၃၅၈)ဦး၊ ဆေးရုံနှင့် နေအိမ်သီးသန့်ခန်းတွင် ဆေးကုသမှုခံယူနေသူပေါင်း(၂၂၃)ဦး၊ ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံဆင်းခွင့်ရရှိသူပေါင်း(၁၀၁၂)ဦး၊ သေဆုံးသူပေါင်း(၁၂၃) ဦးဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရ သည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ