မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးနိုင်ရေး အတွက် ယနေ့မွန်းလွဲ ၁နာရီအချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က Video Conferencing စနစ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးပိုင်မြင့်က တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးမှုအခြေအနေများ၊ ရွေ့လျားမော်တော်ယာဉ်ဖြင့်ကျေးရွာအရောက် RDT Test Kit စစ်ဆေး ပေးနေမှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အောက်စီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည့် အခက်အခဲများအား တင်ပြဆွေးနွေးရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသောင်းလှိုင်က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ အောက်စီဂျင်ဖြန့်ဖြူးဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံများရှိ ဆေးရုံအုပ်ကြီးများနှင့် ကျန်းမာရေးဦးစီးဌာန တာဝန်ခံများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား Quarantine ထားရှိမှုအခြေအနေများ၊ အောက်စီဂျင်ရရှိမှု အခြေအနေများ၊မြို့နယ်အလိုက် RDT Test Kit ဖြင့်စစ်ဆေးပေးနေမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ Video Conferencing စနစ်ဖြင့်ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအစည်းအဝေးအား တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီမှူး ဒေါက်တာသောင်းလှိုင်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ဆေးရုံအုပ်ကြီးများနှင့် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ