မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂၉/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ကိုဗစ်-၁၉ ရောဂါကူးစက်မှု၊ပိုးတွေ့ရှိမှု ကျဆင်းစေရေး ရည်မှန်းကာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်မှုများကြောင့် ပိုးတွေ့မှု ရာခိုင်နှုန်း ကျဆင်းလာတာကို တွေ့ရကြောင်း၊ တိုင်းဒေသကြီိးအတွင်း ကာကွယ်ဆေးထိုးးနှံမှု အနေနဲ့ ယမန်နေ့အထိ လူဦးရေ(၁၃၃၄၉၇)ဦး ထိုးထားပြီးဖြစ်၍ ၉၄.၈၂% ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံရာမှာလည်း စနစ်တကျ လျင်မြန်စွာ ပြီးမြောက် အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်များ အနေဖြင့် ကာကွယ်ဆေး ထိုးနှံရမည့် အုပ်စုများအလိုက် ကျန်ရှိမှု မရှိစေရေး၊ စာရင်းဇယာများ ရှုပ်ထွေးမှု မရှိစေရေး ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း များနေသည့် မြို့နယ်များရှိ ကျေးရွာများအလိုက် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ရွေ့လျားမိုဘိုင်းယာဉ်များဖြင့် RDT Test Kit စစ်ဆေးခြင်းကိုလည်း ပိုမိုလုပ်ဆောင် သွားရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို စိတ်ချရသည့် ရာခိုင်နှုန်း အောက် လျော့ကျသွားစေရေး လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းများကို လက်မလျော့ဘဲ ဆက်လက်ပြီး အားသွန်ခွန်စိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးတို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများ၊ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ မကွေးလေတပ်စခန်း ဌာနချုပ်၊ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းက သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးတင်ပြခဲ့မှု များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကာ ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရန်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ