မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃၀/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်မှုများကြောင့် ပိုးတွေ့မှု ရာခိုင်နှုန်း ကျဆင်းလာတာကို တွေ့ရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လျင်မြန်စွာ ပြီးမြောက်အောင် ဆောင် ရွက်ပေးဖို့နဲ့ ပြည်သူများ အနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေး ဆောင်ရွက်ကြဖို့၊ အောက်စီဂျင်စက် ရောက် ရှိမှု အနေနဲ့ မနေ့က ၁၅ ရက်နေ့မှာ ပခုက္ကူ ရောက်ပါတယ်၊ ဒီနေ့ ၁၆ ရက်နေ့မှာ အောင်လံနဲ့ စေတု တ္တရာ ရောက်ပါတယ်၊ ၁၈ ရက်နေ့မှာ ငဖဲ၊ ၂၀ ရက်နေ့မှာ ထီးလင်း၊ကျောက်ထုနဲ့ မြိုင်တို့ကို ဆက်တိုက် ရောက်ရှိမှာ ဖြစ်ပါတယ်၊ ခရိုင်/မြို့နယ်များမှာ အောက်ဆီဂျင်စက်များ ရောက်ရှိပါက အမြန်ဆုံး လည်ပတ်နိုင်ရေး၊ အောက်ဆီဂျင် လိုအပ်ချက်အား အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်များ အနေဖြင့် ကာကွယ်ဆေး ထိုးနှံရမည့် အုပ်စုများအလိုက် ကျန်ရှိမှု မရှိစေရေး အလေးထား ဆောင်ရွက်ပေးကြဖို့နဲ့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို စိတ်ချရသည့် ရာခိုင်နှုန်းအောက် လျော့ကျသွားစေရေး လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းများကို လက်မလျော့ဘဲ ဆက်လက်ပြီး အားသွန်ခွန်စိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ မကွေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးတို့က ခရိုင်/မြို့နယ်များ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ မကွေးလေတပ်စခန်း ဌာနချုပ်၊ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းက သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးတင်ပြခဲ့မှု များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ