မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

ဆေးကုသမှုခံယူနေသူစုစုပေါင်း

48

(Total receiving treatment)

ပိုးတွေ့

32755

(Lab Confirmed)

ပိုးတွေ့သေဆုံးလူနာ

1593

(Death among Lab Confirmed)

ပိုးတွေ့ပြန်လည်သက်သာ

31114

(Recovered)

မကွေး စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃၂/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီ က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာ စကားပြောကြားသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူလူထု၏ မျက်ခြေမပြတ် ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်မှုများကြောင့် ပိုးတွေ့မှုရာခိုင်နှုန်း ကျဆင်းလာတာကို တွေ့ရကြောင်း၊ ယမန်နေ့ အထိ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ၁၁ ရာခိုင်နှုန်းအထိ လျော့နည်းလာ သည်ကို တွေ့ရှိရကြောင်း၊ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအား အရှိအဟုန်မပျက် ပိုမိုဆောင် ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အသီသီးမှာ လည်း အောက်စီဂျင်စက်ရုံများ တည်ဆောက်ခဲ့ပြီး အောက်စီဂျင်ထုတ်လုပ်မှုကို မြို့နယ်အချို့မှာ စတင် လည်ပတ် ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်းမှ ကိုဗစ်လူနာများရဲ့ အောက်စီ ဂျင်လိုအပ်မှုကို ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ စာရင်းဇယား များ စနစ်တကျ ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများနှင့်ပတ်သက်လို့ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများ ကိုလည်း ဝိုင်းဝန်းပူးပေါင်းကာ ပိုမိုလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ မကွေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က ခရိုင်/မြို့နယ် များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ၊ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များအားလည်းကောင်း၊ တိုင်းဒေသကြီးပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကိုဗစ်-၁၉ ရာဂါကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး မှု အခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုများအား ပြည်သူများ သိရှိနိုင်ရေး လိုက်လံနှိုးဆော်ပေး ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အရေးပေါ်ဖုန်းများ


  • Covid 19 Call Center

    09-259052203
    09-790167281
    063-25638
    09-2305774

  • လူနာတင်ယာဥ်နံပါတ်များ

    -

  •  ရဲတပ်ဖွဲ့

    0956021047

  •  မီးသတ်တပ်ဖွဲ့

    063 28 491

  • လိုက်နာရမည့်အချက်များ