မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

မကွေး    မတ်    ၃၁

          တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မတ် ၃၁ ရက် ၊ နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးက တိုင်းဒေသကြီး လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၆၁ ဦး ရှိသည့်အနက် ၆၀ ဦး တက်ရောက်ခဲ့သည့်အတွက် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။

          ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက တိုင်းဒေသကြီးလွှတ်တော်ဥပဒဥပဒေပြုရေး ဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီး လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီနှင့် တိုင်းဒေသကြီးလွှတ်‌တော်တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် ကြေညာပြီး တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးခင်မောင်ညိုက ယင်းကော်မတီများ၏ သက်တမ်း ၊ တာဝန် ၊ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြကာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များက သဘောတူညီကြသည့်အတွက် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာသည်။

          ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက တိုင်းဒေသကြီးလွှတ်တော်ဥပဒဥပဒေ ပြုရေးဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီနှင့် တိုင်းဒေသကြီးလွှတ်‌တော်တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီများ၏ အဖွဲ့ဝင်ဦးရေ ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း ၊ ကော်မတီ ဥက္ကဌများနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြအတည် ပြုချက်ရယူရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက သဘာတူညီကြသည့်အတွက် အတည်ပြုကြောင်း တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌက ကြေညာကာ တတိယအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး တတိယနေ့ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း