မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနား ကျင်းပ

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနား ကျင်းပ

မကွေး ဇွန် ၃

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေးစီစဉ် ဆောင်ရွက် လျက်ရှိသဖြင့် ယနေ့နံနက်ပိုင်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားအား မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်လံကြည့်ရှု့ စစ်ဆေးသည်။

          အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)စက်အား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရခြင်း၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ် ရေတွက်ပုံ၊ နည်းဥပဒေပါ အတိုင်း မဲရလာဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်း ပုံနှင့် မဲရုံခင်းကျင်းမှုပုံစံ အတိုင်း လက်တွေ့ဆောင်ရွက်ရမည့် အခြေအနေများကို လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြု ပုံ အသေးစိတ်တို့အား လည်းကောင်း ရှင်လင်း ပြောကြားသည်။

          ၎င်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အများပြည်သူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော် (၅၀၀)ဦးခန့်တို့အား လက်တွေ့စမ်းသပ်မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း သင်တန်းများကို မကွေးတိုင်းဒေသကြီးတွင် ဇွန် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း