မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅)တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅)တက်ရောက်

မကွေး    ဇွန်   ၃၀

          မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၀၂၅)ကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။  

          ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့ မကွေးတိုင်းဒေသကြီးရဲ့ စီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်ပြီး ကဏ္ဍအလိုက် လျာထား ချက်ပြည့်မီ ကျော်လွန်အောင် ညွှန်ကြားချက်နှင့်အညီ အားထည့်ဆောင်ရွက်ကြဖို့မှာကြား လိုပါ ကြောင်း၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲတော်ကိုလည်း ပြီးခဲ့သည့်အပတ်က ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း ယခုနှစ်မိုးရာသီတွင် ဆက်လက်စိုက်ပျိုး ဆောင်ရွက်သွားမည့် သစ်ပင်စိုက် ပွဲတော်များ အောင်မြင်စေရေးနှင့် စိုက်ပျိုးထားရှိပြီးသည့် အပင်များ ရှင်သန်စေရေး သက်ဆိုင်ရာဌာန ဆိုင်ရာများမှ အထူး အလေးထားဆောင်ရွက်သွားဖို့ ပြောကြားလိုကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုး ရေးကဏ္ဍအနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံများအား စီမံချက်လျာထား ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့် ဧရိယာအတိုင်း ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် နွေစပါး(ဆာဖိုးသာ)ကို အချို့ခရိုင်များတွင် ပန်းတိုင်အထွက်နှုန်း မရရှိသဖြင့် နွေစပါးအားနမူနာယူ၍ မိုးသီးနှံများတွင် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားဖို့လိုကြောင်း၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဇုန်တွင် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းနှင့် ရေကြီးရေလျှံခြင်းမှ ကာကွယ် ခြင်း(ရေနုတ်မြောင်းတူးခြင်း၊ ရေလမ်းကြောင်းလွှဲခြင်း၊ မြောင်းဘောင် ဘောင်ဆင့်ခြင်း) လုပ်ငန်းများ အားသတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် မိုးသီးနှံအမီ စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင် ရွက်ဖို့ ပြောကြားလိုကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ ဥစားကြက်မွေးမြူရေးဇုန်တွင် ဆောက်လုပ်ပြီး ကြက်ခြံ (၄)ခြံ၊ ဆောက်လုပ်ဆဲ ကြက်ခြံ(၃)ခြံကျန်ရှိ နေသေးသဖြင့် ကြက်မွေးမြူရေးခြံ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးစေရေးနှင့် ကြက်များ အမြန်ထည့်သွင်း မွေးမြူနိုင်ရေး သက်ဆိုင်ရာဌာန၊ ကော်မတီ များမှ ကြီးကြပ်ဆောင်ရွက်သွားဖို့ ပြောကြားလိုကြောင်း၊ ကျန်းမာရေးကဏ္ဍအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး Omicron မျိုးစိပ်သစ် Pfizer (JN-1) ကာကွယ်ဆေးသည် မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ (၁၁-၆-၂၀၂၅) ရက်နေ့တွင် (၄၂၈၅၈)ဦး အတွက် ဆေးများရောက်ရှိသည့် နေ့မှစတင်၍ မြို့နယ်များသို့ ခွဲဝေဖြန့်ဖြူးပြီး ဆေးများထိုးနှံခဲ့ပြီး ဖြစ်ပါကြောင်း၊ လူမှုရေးကဏ္ဍ အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၉)ရက်၊ နံနက် (၁၀၀၀)အချိန်တွင် မကွေးမြို့ မြသလွန် ဘုရားပေါ်ရှိ မဟာဝီဇယရံသီ တန်ဆောင်းတော်ကြီး၌ မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်(၉၈)ကျောင်းမှ ပုရိမဝါကပ် တော်မူကြမည့် သံဃာတော်(၁၀၆၂)ပါးအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ(ပထမလဝက်)တွင် ကုန်းလမ်း/ရေလမ်းကြောင်း မှဝင်ရောက်သည့် ဆန် ၇၆၄၁၆ အိတ်နှင့် မကွေးတိုင်းဒေသကြီးကိုဖြတ်၍ အခြားတိုင်းဒေသကြီး ပြည်နယ်များသို့ သွားရောက်သည့် ဆန် ၅၄၀၀၉ အိတ်၊ မကွေးတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် ဆန်များအား တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချသည့် ဆန် ၇၄၉၂ အိတ်နှင့် မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် ဆန်များအား အခြား တိုင်းဒေသကြီး/ ပြည်နယ်များသို့ တင်ပို့ရောင်းချသည့် ဆန် ၁၃၀၀၀ အိတ် ရှိပါကြောင်း တက်ရောက် လာတဲ့ ဌာနဆိုင်ရာအားလုံးကို သိရှိအောင်ပြောကြားလိုကြောင်း၊ မကွေးစက်မှုဇုန်နှင့် ပတ်သက်၍ လုပ်ငန်းရှင် (၆)ဦးထံသို့ စက်မှုဇုန် မြေကွက် (၂၀၀'x၂၀၀') (၂၈)ကွက် နှင့် (၁၀၀'×၁၅၀')(၂)ကွက်၊ စုစုပေါင်းမြေကွက်(၃၀)ကွက်အား ရောင်းချပြီးဖြစ်ကြောင်း၊ မကြာမီကာလတွင် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ကြရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီများ ဖွဲ့စည်းပြီးဖြစ်၍ ကော်မတီများတွင် ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် ကော်မရှင် ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားဖို့ ပြောကြားလိုပါကြောင်းနှင့် နိုင်ငံ စီးပွား တိုးတက်ရေး အခြေခံပြည်သူလူထု၏ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် မိမိတို့ အနေဖြင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြဖို့၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေး သည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်၍ စီးပွားရေး အားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်း လာမည်ဖြစ်သဖြင့် နိုင်ငံစီးပွားရေး အားကောင်းအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ ပြောလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

          ဆက်လက်၍  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးမိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ ဥပဒေချုပ် ဦးတင့်ဝေ တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနအကြီးအကဲများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း