မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး( ၈/၂၀၂၂)သို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး( ၈/၂၀၂၂)သို့ တက်ရောက်

မကွေး        စက်တင်ဘာ      ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၈/၂၀၂၂)ကို စက်တင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။  

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လုံခြုံရေးကဏ္ဍ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စစ်ဆေးရးဂိတ်များတွင် LPRS (License Plafe Recongnition System)စနစ်ကို အသုံးပြုပြီး မှတ်ပုံတင်ထားခြင်းမရှိသော လိုင်စင်မဲ့ယာဉ်များအား အချိန်နှင့်တစ်ပြေးညီ စိစစ်ဖော်ထုတ်နိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ မိမိတို့ ဌာနများရှိ ရုံးအဝင်/အထွက် စစ်ဆေးရေးဂိတ်များ တာဝန်ချထားပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စစ်ဆေးဆောင်ရွက်သွားဖို့ လိုအပ်သလို လုံခြုံရေးလျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားဖို့လည်း လိုအပ်ပါကြောင်း၊  စိုက်ပျိုး ရေးကဏ္ဍအနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်၂၀၂၁-၂၀၂၂ ခုနှစ်မှာ နေကြာသီးနှံ(မိုး)ကို (၂၂၀၀၀)ဧက လျာထားခဲ့ပြီး (၂၃၆၅၈)ဧက စိုက်ပျိုးနိုင်ကာ ယခု ၂၀၂၂-၂၀၂၃ခုနှစ် နေကြာသီးနှံ(မိုး)ကို (၁၃၃၉၁၄)ဧက တိုးချဲ့လျာထားခဲ့ပြီး (၂၉-၈-၂၀၂၂)ရက်နေ့အထိ (၂၉၉၅၇)ဧကသာ စိုက်ပျိုးနိုင်သေးသဖြင့် စိုက်ပျိုးရန်ဧကများစွာကျန်ရှိနေကြောင်း၊ ရာခိုင်နှုန်းအား ဖြင့် (၂၂.၃၇)သာ စိုက်ပျိုးနိုင်သေးသော်လည်း စိုက်ပျိုးရန် ရက်အနည်းငယ်သာ ကျန်ရှိတော့သဖြင့် မိုးရွာသွန်းမှုအားကောင်းသောအချိန်တွင် စိုက်ပျိုးမှုရာခိုင်နှုန်း တိုးတက်စေရေး စိုက်ပျိုးရေး ညှိနှိုင်းမှု အဖွဲ့များ အနေဖြင့် အနီးကပ် ကြီးကြပ် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော် အနေဖြင့်လည်း ဘီလီယံ(၄၀၀)ကို တောင်သူတွေအတွက် အဓိကထားပြီး ထုတ်ချေးပေးနိုင်အောင် ဆောင်ရွက်နေ ကြောင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေတွေကိုလည်း ပေးဆပ်နိုင်အောင် ပြည်သူတွေအကျိုး အမြတ်ရအောင် လုပ်ဆောင်ပေးတာဖြစ်ပြီး၊ စပါး(၁)ဧက ကျပ်(၂)သိန်းနှုန်း၊ ပဲတီစိမ်းအတွက် (၁)ဧက ကျပ်(၁.၂)သိန်းနှုန်းနှင့် ထုတ်ချေးနိုင်အောင်ဆောင်ရွက်တာဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသား၊ နို့၊ ဥနှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ တိုးတက်ထုတ်လုပ် နိုင်ရေး  မွေးမြူရေးဇုန်ဖော်ဆောင်မည့် မွေးမြူရေးဇုန်အတွင်း တိရစ္ဆာန်အမျိုးအစား၊ အရေအတွက် အရ မွေးမြူရေးခြံအတွက် မြေနေရာ လိုအပ်ချက်၊ တိရစ္ဆာန် အစာပင် စိုက်ပျိုးရန်အတွက် မြေနေရာ လိုအပ်ချက် တွက်ချက်မှုများ စိစစ်ဆောင်ရွက်ခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များ၏ ချေးငွေရရှိရေး၊ မြေနေရာရရှိရေး တင်ပြချက်များအပေါ် စိစစ်ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများကို ညွှန်ကြားပြီးဖြစ်သလို ကော်မတီဝင် ဌာနဆိုင်ရာများ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ အားလုံး က စဉ်ဆက်မပြတ်တွန်းအားပေး ဆောင်ရွက်ကြဖို့မှာကြားလိုကြောင်း၊ တည်‌ဆောက်ရေးကဏ္ဍ အနေဖြင့် တိုင်းဒေသကြီး အဆင့် ဌာန/ အဖွဲ့အစည်းများ အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု/ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့်ဆောင်ရွက်မည့် တည်ဆောက်ရေး၊ ပစ္စည်းဝယ်ယူ ရေး၊ ဝန်ဆောင်မှုရယူခြင်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ တင်ဒါလုပ်ငန်းစဉ်နဲ့ ငွေထုတ်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီရဲ့ ညွှန်ကြားချက်တွေ၊ ဘဏ္ဍာ ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ တိုင်းဒေသကြီးတည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေးနှင့်ပစ္စည်း ဝယ်ယူမှု စိစစ်ရေးကော်မတီမှ အတည်ပြုချက် ရယူပြီးတော့ လုပ်ငန်းအရည်အသွေး သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်လုပ်ငန်းပြီးစီးရေးဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မကွေးတိုင်းဒေသကြီး အတွင်း ရှိ  အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအဆင့် တိုးမြှင့်ဖွင်းလှစ်ခွင့်ပြုရန် စုစုပေါင်း (၁၉၇) ကျောင်း တင်ပြထားခဲ့တာ(၁၄၀)ကျောင်း အဆင့်တိုးမြှင့်ခွင့် ရရှိခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း(၄၅၈၇)ကျောင်းရှိပြီး၊ (၃၅၃၈)ကျောင်း ဖွင့်လှစ် နိုင်ကာ (၁၀၄၉)ကျောင်းဖွင့်လှစ် ရန် ကျန်ရှိနေကြောင်း၊ အားကစားကဏ္ဍ အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အနေဖြင့် ရွှေတံဆိပ်(၇)ခုနှင့်အထက်ရရှိရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ပြေးခုန်ပစ် အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရေး ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုပါ ကြောင်း၊ ဆိုကရေးတီးကဏ္ဍအနေဖြင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော် ရေဆင်းနယ်မြေ ၌ ကျင်းပသွားမှာဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့် အောင်ပွဲဆင်နိုင်ရေး အတွက် ဗဟိုအဆင့် အောင်နိုင်ရေးလုပ်ငန်းကော်မတီ ဆပ်ကော်မတီတို့တွင် ဖွဲ့စည်းတာဝန်ပေးအပ် ထားခံရသည့် ဌာနဆိုင်ရာများအနေဖြင့် အားလုံးပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်သုံဆီဆိုင်များအား စက်သုံးဆီများ သတ်မှတ်ဈေးနှုန်း အတိုင်း မှန်ကန်စွာ ရောင်းချစေရေး အချိန်အတွယ် မှန်ကန်စေရေး၊စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန်နှင့် ဌာနဆိုင်ရာများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ မှာကြား လိုကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက် နိုင်မှု ကျောင်းများဖွင့်လှစ်နိုင်မှု၊ ပန်းခင်းစီမံချက်နှင့် ဆက်စပ်လုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု၊ နယ်မြေအတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှု၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ထပ်မံဖွဲ့စည်းနိုင်ဖို့ စည်းရုံးဆောင်ရွက် နိုင်မှုများအပေါ် သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ သုံးသပ်ချက် အကြံပြုချက်များကို လစဉ် တင်ပြသွားရန် အကြောင်းကြား ထားရှိပြီးဖြစ်သလို ဌာနဆိုင်ရာ များမှလည်း ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍  အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြရာ ဆွေးနွေး တင်ပြမှုအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ် ၊ ဥပဒေချုပ် ဦးဝင်းမြင့်နှင့် အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ကဏ္ဍအလိုက်ဆွေးနွေး တင်ပြကြပြီး၊ ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ၊ လိုအပ်သည်များအား မှာကြားဆောင်ရွက် ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရ သတင်း