မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံတော်လုံခြုံရေးတာဝန်များတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် မြေနေရာဖော်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံတော်လုံခြုံရေးတာဝန်များတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် မြေနေရာဖော်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေး အောက်တိုဘာ ၁၁

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေ သကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက မကွေး မြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စုတွင် နိုင်ငံတော်လုံခြုံရေးတာဝန်များ စွမ်းစွမ်းတမံ တာဝန်ထမ်း ဆောင်ခဲ့သော တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် မြေနေရာဖော်ထုတ်ခြင်း လုပ်ငန်း ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ မကွေးမြို့နယ်၊ နံကပ်ကျွန်း ကျေးရွာအုပ်စု မြေနေရာဖော်ထုတ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိစဉ် တည်ဆောက်ရေး ယာယီ ရှင်းလင်းဆောင်၌ နိုင်ငံတော်လုံခြုံရေးတာဝန်များတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် သားများနှင့် မိသားစုဝင်များအား မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၌ အခမဲ့ ချထားပေးမည့် အကွက်အမှတ်(၁)နှင့် အကွက်(၂)အတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား များ တစ်ကြောင်း ထိုးဖောက်လုပ်ပြီးသည့် လမ်း မြေသားတာဘောင်တင်ခြင်း၊ မြေနီကျောက် စစ်ခင်းခြင်း ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ လျှပ်စစ်မီးရရှိရေးအတွက် ၁၁ ကေဗွီ ACSR ဓာတ်အားလိုင်း (ဝ.၆၁)မိုင် တည်ဆောက်ခြင်း၊ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၂)လုံး တည်ဆောက်ခြင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂.၃၀)မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်များကို လည်းကောင်း၊ သောက်သုံးရေရရှိရေး Ø 4" x 400' သောက်သုံးရေစက်ရေတွင်း တူးဖော်ထားရှိမှုနှင့် နံကပ်ကျွန်းကျေးရွာအုပ်စု၌ အခမဲ့ချထားပေးမည့် အကွက်အမှတ်(၁)မြေ နေရာတွင် တည်ထောင်စိုက်ပျိုးထားသည့် လေကာတန်းစိုက်ခင်း (၁၉၂၀)ပင် စိုက်ပျိုးဆောင်ရွက် ပြီးစီးမှုအခြေအနေများအား လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသီးသီးရှင်းလင်း တင်ပြခဲ့ကြပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားကာ၊ လုပ်ငန်းများအမြန်ပြီးစီးရေးအတွက် တာဝန်ရှိသူများအား ကဏ္ဍ အလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ၊ လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


နောက်ဆုံးရ သတင်း