မကွေး စက်တင်ဘာ ၂၅
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကို မကွေးတိုင်းဒေသကြီးအတွင်း အခြေခံ ပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ၊ မကွေးတိုင်းဒေသကြီး မကွေးမြိုတွင် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် KG ကျောင်းသား /ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း(ပဉ္စမအကြိမ်)ကို ယနေ့နံနက်ပိုင်းက မကွေးမြို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ အာဟာရချက်ပြုတ်ကျွေးမွေးခြင်း အစီအစဉ်ဆောင်ရွက်နေမှုအား မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို ရောက်ရှိကာ ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံဖြိုး တိုးတက်စေရေးအတွက် မြိုနယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် အသက် (၅) နှစ်မှ (၆) နှစ်အရွယ် ကလေးများ ဦးနှောက် ဉာဏ်ရည် အလျင်အမြန်ဖွံဖြိုးနေသည့် အရွယ်ဖြစ်သဖြင့်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ပြည့်ဝစွာရရှိပြီး၊ ခန္ဓာကိုယ်ကြီးထွား နှုန်းမှန်ကန်၍ အာဟာရချိုတဲ့ခြင်းတိုမှ ကာကွယ်ပေးပြီး ပုံမှန် ခန္ဓကိုယ်ဖွံဖြိုးမှုရရှိစေရန်နှင့် အာဟာရပြည့်ဝခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကောင်း မွန်လာစေရန် ရည်ရွယ်၍ KG ကျောင်းသား ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်း ဆောင်ရွက် နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကလေးများအာဟာရဖွံဖြိုးတိုးတက်စေရေးအတွက် မြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံဖြိုးတိုးတက်ရေး အစီအစဉ် ဖြင့် မြိုနယ်(၂၅)မြိုနယ်မှ ကျောင်းပေါင်း(၂၀၆၆)ကျောင်းရှိ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရများ ဆက်လက်ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန(ဒေါင်းနေ)သို့ သွားရောက်၍ မကွေးတိုင်းဒေသကြီး အကျဉ်းဦးစီး ဌာနရှိ ဝန်ထမ်းများ၊ မကွေးဗဟိုအကျင်းထောင်ရှိ မိသားစုဝင်များအား တွေဆုံ၍ ဆန်၊ ဆီ၊ ကြက်ဥနှင့် တပ်ဖွဲဝင် မိသားစု များ၏ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်စရိတ်များ ပံ့ပိုးပေးသည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အကျဉ်းဦးစီးဌာန ဝန်ထမ်းများသည် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရင်း ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို သင်ခန်းစာအဖြစ် ရယူပြီး ပြည်တွင်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူနဲ့အတူ လက်တွဲပြီး ထိရောက် အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားကာ၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်က တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းမိသားစုများအတွက် ဆန်၊ ဆီ၊ ကြက်ဥ များနှင့် တပ်ဖွဲဝင် မိသားစုများ၏ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ်များ ပံ့ပိုးပေးခဲ့ ကြောင်း သိရသည်။









