မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီး တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး      စက်တင်ဘာ       ၁၆

           မကွေးတိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊  မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ တပ်မတော် အရာရှိ ကြီးများ၊  တိုင်းဒေ သကြီးတရားလွှတ်‌တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်များမှ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
           ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မဟာဂီတ အခြေခံပညာ/ အဆင့်မြင့်ပညာ အမျိုးသား ၊ အမျိုးသမီး အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း - ကာလပေါ် အခြေခံပညာ/ အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်/ ဇာတိဂုဏ် အဆင့်မြင့်ပညာ အဆိုပြိုင်ပွဲ၊ အသက် (၁၀)နှစ်မှ (၁၅)နှစ်အထိ အခြေခံပညာအကပြိုင်ပွဲ၊ အဆင့်မြင့်ပညာ အကပြိုင်ပွဲ၊ ကဗျာလွတ် အကပြိုင်ပွဲ ၊ အရေးပြိုင်ပွဲ၊ အဆင့်မြင့်ပညာ/အခြေခံပညာပြိုင်ပွဲ ၊ အတီးပြိုင်ပွဲ အသီးသီး တို့တွင် ဆုရရှိသူများကို ဂုဏ်ပြုချီးကျူးစကား ပြောကြားသည်။

             ထို့နောက် ဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်၍ ဆုရရှိခဲ့သူများအား ဆုများ ချီးမြှင့်ပေးကာ၊ ပြိုင်ပွဲတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော အကဲဖြတ်ဒိုင်များ၊ အဆင့်မြင့်ပညာနှင့် အခြေခံပညာဦးစီးဌာနတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများက ပြန်လည်သီဆို ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း