မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပ

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပ

မကွေး အောက်တိုဘာ ၈

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော မကွေးမြို့ မြသလွန်စေတီတော်မြတ် ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာ ၈ ရက်၊ ယနေ့နံနက် ၈ နာရီက မြသလွန်စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီးသန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မကွေး တပ်နယ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များ၊ ဘုရားဖူးပြည်သူများ တက်ရောက်ခဲ့ကြသည်။

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ #မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉) ကြိမ်မြောက် ဘုရားပွဲတော်ကာလအတွင်း သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီး(၉၀၀၀)ထွန်းညှိ ပူဇော် ခြင်းကို ကျင်းပဆောင်ရွက်ခဲ့ပြီး၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက မြသလွန် စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပရာ လောင်းလှူရာတွင် ဘုရားအမှူးပြု၍ မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်(၁၂၅)ပါးနှင့် သီလရှင် ဆရာကြီး /ဆရာလေး (၁၂၁) ပါးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးများနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းမျိုးစုံတို့ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ မကွေး လေတပ် စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဘုရားဖူးလာပြည်သူများက ဆွမ်းဆန်စိမ်း လှူဖွယ်ပစ္စည်းများ စုစုပေါင်း တန်ဘိုးငွေ(၄၃,၇၂၀,၀၅၀)ကျပ်အား ဆက်ကပ် လောင်းလှူပူဇော်ခဲ့ကြကြောင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တက်ရောက်လာသူများနှင့် ဘုရားဖူးလာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့က မုန့်ဟင်းခါးစတုဒီသာ ကျွေးမွေးလှူဒါန်း ခဲ့ကြောင်း သိရသည်။

          မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင် နှစ်များနည်းတူ သံဃာတော်များပင့်ဖိတ်၍ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အသံမစဲ မဟာပဋ္ဌာန်း ကျမ်းတော်မြတ် ရွက်ဖတ်ပူဇော်ခြင်း၊ ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ထွန်းညှိကပ်လှူ ပူဇော်ခြင်းနှင့် ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲများကို ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မကွေးမြို့မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး အား အစဉ်အလာမပျက် (၁၃၈၇- ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက် အထိ)အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အထိ (၂၀) ရက်တိုင်တိုင် အငြိမ့်ပွဲ၊ ဇာတ်ပွဲများနှင့် မြန်မာ့ရိုးရာ အစားအစာအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းများ၊ တောင်သူသုံး ပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက်ကုန် ပစ္စည်းအမျိုးမျိုး စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချကာ၊ စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်း