မကွေး စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက်(အဓိကသီးနှံ- ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၃/၂၀၂၅)ကို စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း အထူးဇုန်(၂)ဇုန် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ မိုးလျာထားဧက(၁၁)သိန်း(၄)သောင်း (၃)ထောင်ကျော် အပေါ် (၁၁)သိန်း (၄) သောင်း (၂)ထောင်ကျော်၊ (၉၉.၉၄) ရာခိုင်နှုန်းကျော် စိုက်ပျိုး နိုင်ခဲ့ပြီး ဧက(၈) သိန်း (၄)သောင်း (၃)ထောင်ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ဝါသီးနှံ ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း ဝါသီးနှံလျာထားဧက (၃)သိန်း (၂)သောင်း ကျော်ကို ဇုန်(၄)ဇုန် နဲ့ အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ဧက (၂)သိန်း (၆)သောင်းကျော်၊ (၈၁.၁၈)ရာခိုင်နှုန်း စိုက်ပျိုးပြီး ဖြစ်ကြောင်း၊ ယခုအချိန်မှာ မိုးသီးနှံများစိုက်ပျိုးပြီးဖြစ်လို့ ဝါသီးနှံ စိုက်ပျိုးဖို့ကျန်ပြီး မိုး သီးနှံများ ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ သီးထပ်စိုက်ပျိုးရေး လုပ်ငန်းများလည်း တစ်ပြိုင်နက် ဆောင်ရွက်နေ ကြပြီ ဖြစ်တဲ့အတွက် သီးထပ် စိုက်ပျိုးရေး ပညာပေးစည်းရုံးခြင်းနဲ့ ဆောင်ရွက်မှုဧရိယာများ ကိုလည်း မှတ်တမ်းတင်ကြဖို့ မှာကြားလိုကြောင်း၊ ယခုအချိန်မှ ဒေသအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်း နေပြီး စိုက်ပျိုးထားတဲ့သီးနှံများ ရေဝင်နစ်မြုပ်နေကြောင်း ကြားသိရပြီး၊ ထိခိုက်မှုလျော့နည်း စေရေးနဲ့ပျက်စီးမှုရှိလာပါက ဧရိယာအားလုံး ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ကြဖို့၊ ရိတ်သိမ်းဆဲသီးနှံများ ပျက်စီး ဆုံးရှုံးမှုလျော့နည်းစေရေး၊ အမိုးအကာအောက် အမြန်ရောက်ရှိရေး ပညာပေးဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီးရဲ့ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သီးနှံစိုက်စွမ်းအားတိုး တက်ရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိပြီး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး လယ်ယာ ကဏ္ဍကို တာဝန်ယူဆောင်ရွက်နေတဲ့ ဌာနများအနေနဲ့ လိုအပ်ချက်များကို ပူးပေါင်းကူညီ ဖြည့်ဆည်း ပေးရင်းနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းက သီးနှံစိုက်စွမ်းအားမြင့်မားရေးအတွက် သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံထုတ်လုပ်မှု မြင့်မား ရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုး မှုကိုအားပေးမြှင့်တင်ပြီး ဒေသတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင် ရွက်သွားရန်ပြောကြားကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းက တိုင်းဒေသကြီး ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၅) ဆုံးဖြတ် ချက်များအား ဖတ်ကြား ရှင်းလင်းတင်ပြသည်။
ထိုနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့ လုပ်ငန်းကဏ္ဍအလိုက် ရှင်လင်းတင်ပြ တင်ပြခဲ့ပြီး၊ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အတွင်းရှိ စီးဆင်းလျှက်ရှိသော ယင်းချောင်း၏ လက်ဝဲဘက်ခြမ်းတွင် ဌာနမှ ထိန်းသိမ်းထားသော နတ်မောက်ရေလှောင်တမံ၊ ပင်းကန်တို့တည်ရှိပြီး အဆိုပါ ဆည်၊ ကန်၊ တမံများနှင့် ရေဆင်း ဧရိယာ များတွင် (၂၈-၉-၂၀၂၅)နေ့၌ ပုံမှန်မိုးရေချိန်သာ ရွာသွန်းခဲ့သော်လည်း ယင်းချောင်း၏ လက်ယာဘက် ခြမ်းမှ ယင်းချောင်းအတွင်း စီးဝင်သော ကျွဲမကျချောင်း၊ ဝါးခုတ်ချောင်း၊ ရေယိုချောင်းတို့၏ ရေဆင်း ဧရိယာများတွင် မုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ယင်းချောင်းအတွင်း စီးဝင်ရေ များပြားခဲ့ကြောင်း၊ ထိုသို့ယင်းချောင်းအတွင်း စီးဝင်ရေများပြားမှုကြောင့် နတ်မောက် မြို့နယ်၏ အနိမ့်ပိုင်း ရပ်ကွက်(၂)ခုတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျေးရွာမှ ထိန်းသိမ်း ထားသော မဲဇလီကျေးရွာအနီးရှိ အောင်ပန်းကျွန်းကန်မှာ ကျွဲမကျချောင်းအတွင်း စီးဝင်သော ချောင်းငယ်ပေါ်တွင် တည်ဆောက်ထားသော မြေသားကန်ငယ် တစ်ခုဖြစ်ပြီး ၎င်းကန် အတွင်းသို့ သိုလှောင် ထိန်းသိမ်းနိုင်သည့် ပမာဏထက် အဆမတန်များပြားသည့် စီးဝင်ရေများကြောင့် ကျိုးပေါက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၈-၉-၂၀၂၅ ရက်နေ့တွင် ယင်းချောင်းအတွင်းစီးဝင်သော ဌာနမှ ထိန်းသိမ်းထားသည့် နတ်မောက်ရေလှောင်တမံ ရေပိုလွှဲနှင့် ပင်းကန်ရေပိုလွှဲများမှ ရေကျော်စီးဆင်းမှု မရှိခဲ့ပါကြောင်းနှင့် ဆည်၊ ကန်၊ တမံများ၏ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျှက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ယင်းချောင်းအတွင်း ပုံမှန်ရေစီးဆင်းမှုသာ ရှိနေပါကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် တက်ရောက်လာသူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍအထွေထွေဆွေးနွေး တင်ပြဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။