မကွေး အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စု ရေတွင်းကုန်း - ကျောက်တန်း ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ကွင်းအမှတ်(၁၃၆၂)ကွင်း ရေကြီးမှုဖြစ်ပေါ်ခဲ့မှုများနှင့် ရေတွင်းကုန်းကျေးရွာတွင် မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း လုပ်ဆောင်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့် တင်ရေး ကျေးရွာအုပ်စု (၄)အုပ်စုမှ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ် ရေတွင်း ကုန်းကျေးရွာအုပ်စု ရေတွင်းကုန်း - ကျောက်တန်း ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ကွင်းအမှတ် (၁၃၆၂) ကွင်းသို့ ရောက်ရှိပြီး အဆိုပါကွင်းအတွင်း သီးနှံစိုက်ကွင်းများတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့မှုနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူ များနှင့် သီးနှံစိုက် တောင်သူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေတွင်းကုန်းကျေးရွာရှိ ဓမ္မဝိဟာရ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး၊ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညို ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဘုန်းတော်ကြီး ကျောင်း ဓမ္မဝိသောဓနိဓမ္မာရုံတွင် ရေတွင်းကုန်း၊ ပေါက်ပင်တွင်း၊ မောင်းမကန်၊ ချောင်းဖြူကျေးရွာ အုပ်စုများမှ တက်ရောက်လာသည့် မဲဆန္ဒရှင် ပြည်သူများအား မင်းဘူး(စကု)မြိုနယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)တာဝန်ရှိသူများက ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန် အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)စက်အား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြု ရခြင်း၏ ရည်ရွယ်ချက်၊ စက်၏ ဖွဲစည်းတည်ဆောက်ပုံ၊ စမ်းသပ် မဲပေးပုံ၊ ရွေးကောက်ပွဲ နေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ မဲရုံခင်းကျင်း မှုပုံစံ စသည်တိုကို ရှင်းလင်းပြော ကြားဆောင်ရွက်နေမှု၊ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက် ထရောနစ် မဲပေးစက်ဖြင့် စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ စမ်းသပ် ဆန္ဒမဲပေးခြင်း သရုပ်ပြသ ဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မားရေးအတွက် မင်းဘူး(စကု)မြို့နယ် ကျေးရွာအုပ်စု(၄) အုပ်စုမှ ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျေးရွာနေ တောင်သူများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေဖို့အတွက် နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးတတ်စေရန် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး အခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်နှင့်အညီ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရန်နှင့် သီးနှံစိုက်စွမ်းအား တိုးတက် မားရေး ဆောင်ရွက်မည်ဆိုပါက ဒေသခံတောင်သူများအနေဖြင့် မျိုး၊ မြေ၊ ရေ၊ စိုက်နည်းတို့ကို အခြေခံ၍ စိုက်ပျိုးမြေအားလုံး တစ်နှစ် သုံးသီးစိုက် ရရှိအောင်ဆောင်ရွက်ရန် အထူးလိုအပ်မည် ဖြစ်ကြောင်း၊ တောင်သူအများစုက ဒေသစွဲ သီးနှံများထက် စီးပွားရေးအရ တွက်ခြေ ကိုက်သည့် သက်ယဉ် အထွက်ကောင်း သီးနှံများကို ရွေးချယ်၍ မျိုးကောင်းမျိုးသန့်များ စနစ်တကျ အသုံးပြုပြီး စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးနိုင်မှ သာ သီးနှံပေါ်ချိန် သီးနှံအထွက်နှုန်း တိုးတက် ကောင်းမွန်ပြီး ထွက်ရှိသော သီးနှံများမှာ ပြန်လည်ရောင်းချချိန် ဈေးကောင်းရရှိနိုင်မည် ဖြစ်ပါ ကြောင်း၊ မိမိကျေးရွာမှ ပညာတတ်များ ပေါ်ထွန်းရေးအတွက် ပညာရေးကဏ္ဍကို နိုင်ငံတော်မှ မြှင့်တင်ဆောင်ရွက်ပေးနေသလို ကျေးရွာပြည်သူများ အနေဖြင့်လည်း သက်ဆိုင်ရာ ပညာရေးဌာန နှင့် ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှသာ မိမိကျေးရွာမှ ထူးချွန်ထက်မြတ်သော ပညာတတ်များ ပေါ်ထွန်း လာကာ ရပ်ရွာတိုးတက်လာမည်ဖြစ်ကြောင်းနှင့် တောင်သူများအား ဒေသတွင်း စိုက်ပျိုး စွမ်းအား မြှင့်တင်ရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေးတို့အတွက် စိုက်ပျိုးရေး အသိပညာပေးဆိုင်ရာ များကို နည်းပေးလမ်းပြ ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက ဒေသဖွံ့ရေးဆိုင်ရာများနှင့် ပတ်သက်၍ သက်ဆိုင် ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တက်ရောက်လာသော ရေတွင်းကုန်းကျေးရွာ နှင့် အုပ်စုအတွင်းကျေးရွာများမှ ဒေသခံတောင်သူများက စိုက်ပျိုးရေရရှိရေး၊ ကျေးရွာချင်းဆက် လမ်းများနှင့် ကျေးလက် ကုန်ထုန်လမ်းများ တိုးချဲ့ပြုပြင် ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေရရှိရန် ခက်ခဲသော ဒေသများ၌ မြေအောက်ရေတွင်းအား ဆိုလာစနစ် တပ်ဆင် အသုံးပြု ဆောင်ရွက် ပေးနိုင်ရေးနှင့် စိုက်ကွင်းများရေကြီးနက်မြုတ်မှုအပေါ် ရေတား ရေကာတာ တည်ဆောက်ပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။