မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)သို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး  အမှတ်စဉ်(၈/၂၀၂၂)သို့ တက်ရောက်

မကွေး     သြဂုတ်    ၁၈

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ Coronavirus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)ကို သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိမှု အနေဖြင့် သိသာစွာ လျော့နည်းကျဆင်းတာကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများသာမက ပြည်တွင်း ကူးစက်ဖြစ်ပွားမှုများ ရှိနေတာကို ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအလိုက်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှု အနေဖြင့် အသက်(၁၈)နှစ် အထက်ပြည်သူ(၈၂.၅၆)ရာခိုင်နှုန်း၊ အသက်(၅)နှစ်မှ(၁၂)နှစ် အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ကျောင်းသူ(၉၇.၅၃) ရာခိုင်နှုန်းနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကျောင်းနေပြင်ပ ကလေး သူငယ်(၄၆.၁၈)ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကာ၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးနှင့်ရောဂါ ကာကွယ် ဆေး အကြိမ်ပြည့် ထိုးနှံမှုပြီးစီးကာလ(၆)လ ပြည့်ပြီးသူများအား ထပ်ဆောင်း(Booster Dose) ထိုးနှံ ပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ဆက်လက် ပြီး ပိုမိုထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် RDT Test Kit စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ရာ မှာ ဆေးလိုအပ်ချက် မရှိစေရေး သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အောက်ဆီဂျင်စက်ရုံ များကိုလည်း အမြဲတမ်း အဆင့်သင့် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွန်ထားရှိရန် လိုအပ်ကြောင်း၊ မိမိတို့ တိုင်းဒေ သကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြန့်ပွားမှုမရှိစေရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်စေလိုကြောင်းနှင့် လူစုလူဝေး ဖြစ်ပေါ်ရာနေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာစေရေး ကြီးကြပ်ဆောင်ရွက်ရန်လို အပ် ကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်များအား တွန်းအားပေးကြပ်မတ်ပေးနေမှု၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးစီးမှုနှင့် ကိုဗစ်ရောဂါကာကွယ်ဆေး ရရှိ/သုံးစွဲ/လက်ကျန် အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တို့က ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေ အနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ ဆက်လက်ထိုးနှံပေးမည့် အခြေအနေများနှင့် မြို့နယ်အသီးသီးမှ အောက်စီဂျင်စက်များ ဆောင်ရွက် ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ ဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်နှင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီလိုက်နာ ဆောင်ရွက်သွားကြရန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း