မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ (၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်သည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (မကွေး) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ (၁၀၅)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်သည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (မကွေး) နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲ တက်ရောက်

မကွေး   နိုဝင်ဘာ    ၁၃

          (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်သည့် သမဝါ ယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)ရှိ RC(၂)ထပ် ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေနံနက် ၈ နာရီခွဲက အဆိုပါ နှစ်ထပ် ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်း ကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်သည်။

          ဦးစွာ ကျောင်းရုံးခန်းနှင့် ဟောခန်းမ RCC(၂)ထပ် ကျောင်းဆောင်သစ်အား မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး၊ ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းရုံးခန်းနှင့် ဟောခန်းမ အဆောက်အဦးသစ် ကမ္မည်းမော်ကွန်းအား အမွှေးနံ့သာရေဖြင့် ပက်ဖျန်း ပေးခဲ့သည်။

          ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယခင်သမဝါယမသင်တန်းကျောင်း(မကွေး)မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်မှု အထောက်အကူပြု သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)အဖြစ် (၁၄-၆-၂၀၂၂)ရက်နေ့မှစ၍ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ ဒီသင်တန်းကို အခြေခံပညာ Grade-9 အောင်မြင်ပြီး ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိသူများကို စာရင်းရေးစာရင်းကိုင်နှင့် ကွန်ပျူတာပညာတို့ဖြင့် အသက်မွေးကျောင်းပြုနိုင်စေရန်နှင့် သင်တန်း သားများအနက် သင်တန်းပြီးဆုံးပါက ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ပညာဆက်လက် သင်ယူနိုင်သည့် အခွင့်အလမ်းများဖန်တီးပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာဖြစ်တဲ့ စာရင်းရေး၊ စာရင်းကိုင်ဘာသာ ရပ်များကို နိုင်ငံတော်က ငွေကြေးပမာဏများစွာ စိုက်ထုတ်ကုန်ကျခံပြီး တိုင်းဒေသကြီး သာမန်အသုံး စရိတ်ရန်ပုံငွေမှ သင်တန်းသားများအတွက် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်မှ(၂၀၂၅-၂၀၂၆)ပညာသင် နှစ်ထိ ဖျာ၊ ခြင်ထောင်၊ ပြဌာန်းစာအုပ် နှင့် စာရေးကိရိယာ၊ ပညာသင်ထောက်ပံ့ကြေးနှင့် စားသောက်စရိတ် စုစုပေါင်း ကျပ်သန်း( ၁၆၄,၆၂၀) ကို ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သက်မွေးပညာသင်တန်း၏ ( ၂၀၂၂ - ၂၀၂၃ ) ပညာသင်နှစ်မှ (၂၀၂၅ - ၂၀၂၆ ) ပညာသင်နှစ်ထိ (၄)နှစ်တာ ကာလအတွင်း စီးပွားရေးစာရင်းကိုင်ပညာ လက်မှတ်ရ သင်တန်းသား (၁၀၇)ဦး မွေးထုတ်ပေးနိုင်ပြီး သင်တန်းသား(၈၄)ဦးကို အစိုးရဌာနများ၊ ကုမ္ပဏီ၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် သမဝါယမအသင်းများတွင် အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်တဲ့အတွက် အနာဂတ်လူငယ် များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေတာကိုလည်း တွေ့မြင်ရကြောင်း၊ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေ ကနေ ဆောင်ရွက်ပေးခဲ့သည့် အဆောက်အဦပရိဘောဂ၊ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ ကိုရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် သင်တန်းကျောင်းတာဝန်ရှိသူများ အပါအဝင် သင်တန်းသားများအားလုံးက စည်းကမ်းတကျ သုံးစွဲကြဖို့၊ ထိန်းသိမ်းကြဖို့ကို အထူးအလေး ထားမှာကြားလို ကြောင်းနှင့် ဆရာ၊ ဆရာမများအနေဖြင့်လဲ သင်တန်းကျောင်း အတွက် လိုအပ်သည့် သင်ကြားရေး အထောက်အကူပြု အဆောက်အဦများ ပြည့်စုံပြီဖြစ်၍ မိမိတို့ ကျရာတာဝန်အပြင် သင်တန်းသား/ သင်တန်းသူများအပေါ် မိမိတို့၏ သားသမီး၊ ညီအကို မောင်နှမ အရင်းအချာများကဲ့သို့ မှတ်ယူပြီး မိမိတို့၏ ပညာရပ်ဆိုင်ရာအတွေ့အကြုံ ဗဟုသုတများကို စေတနာအပြည့်ဖြင့် လက်ဆင့်ကမ်းမျှဝေ ပေးဖို့နဲ့ မိမိတို့ကျောင်း၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ အမျိုးသားရေး စိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ် အခြေခံပြည့်ဝတဲ့ သမဝါယမစီးပွားရေး အတတ် ပညာကျွမ်းကျင်တဲ့ သင်တန်းသားသင်တန်းသူများ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြစေ လိုကြောင်း ပြောကြားသည်။

          ထို့နောက် ရွှေမန်းမကွေး ဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆာက်ပြီးစီးသည့် ကျောင်းရုံး ခန်းနှင့် ဟောခန်းမ အဆောက်အဦး မှတ်တမ်းများအား သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ် ဂုဏ်ပြုအလံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံပေးအပ်ကာ တက်ရောက် လာသည့်အကြီးအကဲများအား ကျောင်းဆောင်သစ်ဖွင့်ပွဲ အမှတ်တရလက်ဆာင် ပစ္စည်းများပေးအပ် ခဲ့သည်။

          အဆိုပါ ကျောင်းရုံးခန်းနှင့် ဟောခန်းမ ကျောင်းဆောင်သစ်(မြတ်ပညာဆောင်)သည် အလျားပေ (၁၉၈)၊ အနံပေ(၃၀)၊ အမြင့်(၂၄)ပေရှိ RC နှစ်ထပ်ကျောင်းဆောင်သစ်ဖြစ်ပြီး၊ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း(၃၄၇.၃၁၅) နှင့် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၄၁၅.၈ဝဝ) ၊ စုစုပေါင်း ကျပ်သန်း (၇၆၃.၁၁၅)ဖြင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရွှေမန်းမကွေး ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း