မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

၂ဝ၂၄ ခုနှစ် လူမှုရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ပထမဆု ရရှိခဲ့သော မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

၂ဝ၂၄ ခုနှစ် လူမှုရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ပထမဆု ရရှိခဲ့သော မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

မကွေး နိုဝင်ဘာ ၁၂

          ၂ဝ၂၄ ခုနှစ် လူမှုရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ပထမဆု ရရှိခဲ့သော မကွေးတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်ဆင့် ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေး မြို့နယ်စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်လွင်၊ နယ်‌မြေခံတပ်နယ်မှ အရာကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်လွင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကြီး၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးတွင် တင်ပြခဲ့သည့် မကွေးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းအား power point ဖြင့်ရှင်းလင်းပြသခဲ့မှုအား ကြည့်ရှုခဲ့ပြီး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကြီး၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ မိခင်နှင့်ကလေးစောင့်ရှောက် ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သဖြင့် လူမှုရေးကဏ္ဍတွင် ထူးချွန်ပထမဆုရရှိခဲ့သော မကွေးတိုင်း ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေ (၃၅)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

          ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏(၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ထပ်ဆင့် ရှင်းလင်းခြင်း အခမ်းအနားအား ကျင်းပရာ မကွေးတိုင်းဒေသ ကြီး မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က အမှာစကားပြော ကြားပြီး၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်များသို့ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွန် မှာကြားခဲ့သည်။

 

          ထို့နောက် မကွေးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ထုတ်ဝေသည့် မဂ္ဂဇင်း တွင်ရွှေးချယ်ခံရသည့် စာမူဆုရှင်များနှင့် တိုင်းဒေသကြီးအတွင်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် ခရိုင်/မြို့နယ်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသည့် ခရိုင်မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြ ကြသည်။

          ယင်းနောက် မကွေးတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်သီသီထွန်းမှ ရှေ့လုပ်ငန်းစဉ်များအားချပြရှင်းလင်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သုံးသပ်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း