မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် နှင့်အတူ တိုင်း/ ခရိုင်/မြို့နယ်အဆင့်ဌာဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဇွန်လ ၂၃ ရက် ယနေ့ နံနက်ပိုင်းက အမှတ်(၅) စက်မှု သင်တန်းကျောင်း(မကွေး)နှင့် ကွန်ပျူတာတက္ကသိုလ်(မကွေး)သို့သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများ သင်ကြား သင်ယူနေမှုအား ကြည့်ရှုအားပေးကာ၊ မကွေးမြို့ အသေးစားစက်မှုဇုံတည်ထောင်ရေး လျာထားတည်နေ ရာအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သို့ ရောက်ရှိပြီး သင်တန်းကျောင်း ရှင်းလင်းဆောင်တွင် ကျောင်းအုပ်ကြီး ဦးမိုးမင်းထွဋ်က ကောင်းမွန်သော အရင်းအမြစ်များကို ထိရောက်မှုရှိရှိ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် စီမံချက်များအတူတကွ ချမှတ်ရေးဆွဲ၍ စနစ်တကျ စီမံဆောင်ရွက် လျက်ရှိပါကြောင်းနှင့် သတန်းကျောင်းဆိုင်ရာများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းကျောင်းတွင် ကျွမ်းကျင်၍ စွမ်းဆောင်မြင့်မားသော လုပ်သားများ မွေးထုတ်ပေးရာမှာ သင်တန်းနည်းပြ ဆရာ/ဆရာမများရဲ့ အရည်အချင်းပြည့်ဝရန် လိုအပ်ယုံမျှမက အဖွဲ့အစည်းတစ်ခုလုံး၏ အလုံးစုံပြီးပြည့်စုံသော ရေတို/ ရေရှည်ဗျူဟာများ ရေးဆွဲထားရန်နှင့် စီမံခန့်ခွဲနိုင်ဖို့အတွက် လက်တွေ့အသုံးချ သင်တန်းများသို့ စီမံအုပ်ချုပ်သူများကို တက်ရောက်နိုင်စေရန် အခွင့်အလမ်းလည်း ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ စက်မှုသင်တန်းကျောင်းများ၏ Competitive Advantage မှာ သင်တန်းသားများအား စာတွေ့/ လက်တွေ့ နည်းပညာများကို ကျွမ်းကျင် စွာသင်ယူနိုင်သည့် စက်ပစ္စည်းကရိယာများ နည်းပညာများ ဖြစ်သော်လည်း Attitude ပိုင်းကို လေ့ကျင့် သင်ကြားပေးရန် သင်တန်းနည်းပြဆရာ/ဆရာများ၏ Teching and learning method နှင့် အဖွဲ့အစည်း၏ ကောင်းမွန်သော Culture တစ်ခုကို ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ သင်တန်းကျောင်းများ နည်းပညာနှင့် သင်ကြားရေးအထောက်အကူ ပစ္စည်းများစုသည် မိတ်ဖက်နိုင်ငံအဖွဲ့အစည်းများ၏ အထောက်အပံ့များဖြစ်သောကြောင့် ကောင်းမွန်သော စဉ်ဆက်မပြတ်သည့် ရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ရန်လည်း အရေးကြီးပါကြောင်း စသည်ဖြင့် မှာကြားဆောင်ရွက်ပြီး၊ သင်တန်းသားများ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရေး ဘော်လီဘော၊ ဘောလုံးနှင့်ခြင်းလုံး အားကစားပစ္စည်းများအား ကျောင်းအုပ်ကြီးထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) သင်တန်းသား၊သင်တန်းသူများ၏ သင်ကြားသင်ယူ နေမှုအား ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခေတ်နှင့် လျော်ညီသော နည်းပညာများ သင်ကြား ပေးနိုင်ရေး၊သင်တန်းသား၊သင်တန်းသူများ လက်ရှိအသုံးပြုနေသော စက်ပစ္စည်းများအပေါ် အခြေခံ၍ ဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီသော နည်းပညာများအား တီထွင် ဆန်းသစ်မှု ပြုလုပ်နိုင်သော အတွေ့အကြုံများကို လေ့ကျင့် သင်ကြားပေးခြင်းဖြင့် လေ့လာသင်ယူ စေလိုကြောင်း မှားကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွန်ပျူတားတက္ကသိုလ်(မကွေး)သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်က အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ရောက်ရှိစေရန် အတွက် လိုအပ်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ အသိပညာရှင်၊ အတတ် ပညာရှင်များ မွေးထုတ်ခြင်း၊ ICT နည်းပညာဆိုင်ရာများ တီထွင်ခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ အသုံးချခြင်းများ လက်တွေ့ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ICT နည်းပညာရပ်များ တိုးတက်စေရန် ရည်မှန်းချက်များကို ကွန်ပျူတာတက္ကသိုလ်(မကွေး)အနေဖြင့် လက်တွေ့ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျောင်းဆိုင်ရာလိုအပ်ချက် တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့အသေးစားစက်မှုဇုံတည်ထောင်ရေး လျာထား တည်နေရာသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများမှ အသေးစားစက်မှုဇုံ တည်ထောင်ရေး (၃၈၃)ဧကခန့် လျာထား ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသေးစားစက်မှုဇုံ တည်ထောင် ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်လာစေပြီး၊ ဒေသခံပြည်သူများအနေဖြင့် အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိကာ၊ ဒေသနှင့် ဆက်သွယ်ရေး ကုန်စည်ကူးသန်းရောင်းဝယ်မှုကဏ္ဍ မှာလည်း တိုးတက် မြင့်မားလာမှာဖြစ် သည့်အတွက် အောင်မြင်အောင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုံဖော်ဆောင်ရေးလုပ် ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။