မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား တက်ရောက်

မကွေး အောက်တိုဘာ ၂၂

          မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း အလုပ်အမှု ဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်နေ့နံနက်ပိုင်းက မကွေးမြို့ နန်းထိုက်သူဟိုတယ်ခန်းမ၌ ကျင်းပရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တရားလွှတ်တော်ချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းအဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းမှာ မကြာမီ ကုန်ဆုံး တော့မည်ဖြစ်တဲ့အတွက် နိုင်ငံတော်၏ မူဝါဒနှင့် အညီ အလုပ်အမှုဆောင် အဖွဲ့အသစ်ကို ပြန်လည် ရွေးချယ် ဖွဲ့စည်းပေးရမည်ဖြစ်ရာ မကွေးတိုင်းတစ်တိုင်းလုံးကို ကိုယ်စားပြုသည့် တောင့်တင်း ကျစ်လစ် ခိုင်မာပြီး အားကောင်းသော အသင်းကြီးအဖြစ် ရပ်တည်နိုင်ရေး နယ်မြေအလိုက် ဒေသစုံမှ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအားလုံး ပါဝင်အောင် ဖွဲ့စည်းရမည်ဖြစ်ပြီး အသင်းကို ဦးဆောင် နိုင်သော အရည်အချင်းရှိသည့် လုပ်ငန်းရှင်များ ပါဝင်အောင် ရွေးချယ်ဖွဲ့စည်းသွားနိုင်ရေး အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများကလည်း အရည်အချင်း ရှိတဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ အမှုဆောင်များကို ရွေးချယ်ပေးမယ်လို့ မျှော်လင့်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆီလက်လီ/ လက်ကား ရောင်းချသူများ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ဆီထွက်သီးနှံ တင်ပို့ရောင်းချသူများ ဒေသတွင်း သီးနှံအလိုက် ဖွဲ့စည်းထားရှိတဲ့ ကုန်စည်များရဲ့ တန်ဖိုးကွင်းဆက်တစ်လျှောက် (Supply Chain၊ Value Chain) မှန်ကန်မျှတစွာ ဆောင်ရွက်ပြီး ဆီထွက်သီးနှံများ အရောင်းအဝယ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဈေးနှုန်း၊ ရောင်းဝယ်မှု သတင်းများ ထုတ်ပြန်ဆောင်ရွက်နိုင်ရေးနှင့် ဆီကုန်သည်အချင်းချင်း (Network) ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ ရောင်းဝယ်သည့် လုပ်ငန်းစဉ် (Mechanism)များ မှန်ကန်စေရေး၊ သတင်း အချက်အလက် ကွန်ရက်တည်ဆောက်နိုင်ရေး စသည့် နိုင်ငံတော်မူဝါဒ လုပ်ငန်းတာဝန် များကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များ အားကောင်း ဖွံ့ဖြိုးလာမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးမှာလည်း အခန်းကဏ္ဍ တစ်ခုအနေနဲ့ အထောက်အကူပြု နိုင်မှာဖြစ်ပါကြောင်း၊ ဒါကြောင့် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း တွင် တာဝန်ယူ ဆောင်ရွက်ကြမဲ့ ရွေးချယ်ခံ အလုပ်အမှုဆောင်အဖွဲ့ဝင်များ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ လုပ်ငန်း တာဝန်များကို နားလည်သဘောပေါက်ပြီး အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင် အောင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းနှင့် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဝင်များအနေဖြင့်လည်း တစ်ယောက်အားဖြင့် ယူ၍မရ၊ စုပေါင်းအားဖြင့် ယူသော်ရ၏ ဟူသည့် ဆိုရိုးစကားနှင့် အညီ အသင်းအဖွဲ့ စိတ်ဓာတ်အပြည့်၊ မှန်ကန်မျှတသည့် စီးပွားရေးကျင့်ဝတ်များနှင့် အညီ ဒေသဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြခြင်းဖြင့် အသင်း၏ အကျိုး၊ တိုင်းဒေသကြီး၏ အကျိုး၊ နိုင်ငံတော်၏ အကျိုးကို စေတနာထား ရှေးရှု၍ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

နောက်ဆုံးရ သတင်း