မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှု၊ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှု၊ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ

မကွေး အောက်တိုဘာ ၁၇

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာအုပ်စု မြေပြင်သာကျေးရွာ စိုက်မွေးအထက ကျောင်းဝန်းအတွင်း၌ မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း လုပ်ဆောင် နေမှုအား ကြည့်ရှုအားပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့သစ်မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)တာဝန်ရှိသူများက ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန် အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)စက်အား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုရခြင်း၏ ရည်ရွယ်ချက်၊ စက်၏ ဖွဲစည်းတည်ဆောက်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့ တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ မဲရုံခင်းကျင်းမှုပုံစံ စသည်တိုကို ရှင်းလင်းပြော ကြားဆောင်ရွက်နေမှု၊ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက် ထရောနစ် မဲပေး စက်ဖြင့် စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့စမ်းသပ် ဆန္ဒမဲပေးခြင်း ဆောင်ရွက်နေမှုနှင့် မဲပေးစက် Printer မှ ထွက်ရှိလာသည့် စာရင်းဖြင့် ဆန္ဒပြုသူ အရေအတွက် မှန် ၊ မမှန် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲ လက်မှတ်များ စိစစ်၍ မဲရလဒ် ထုတ်ပြန် ခြင်းများ သရုပ်ပြသ ဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသတွင်း စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက် စွမ်းအား တိုးတက်မားရေးအတွက် မြို့သစ်မြို့နယ် မြေပင်သာ ကျေးရွာအုပ်စု ဒေသခံတောင်သူများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တောင်သူများအား ဒေသတွင်း စိုက်ပျိုး စွမ်းအား မြှင့်တင်ရေး၊ သီးနှံအထွက်နှုန်း တိုးတက်ရေးတို့ အတွက် စိုက်ပျိုးရေး အသိပညာပေးဆိုင်ရာများကို နည်းပေးလမ်းပြ ပြောကြားသည်။

          ဆက်လက်၍ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးလက် ကုန်ထုန်လမ်းများ တိုးချဲ့ပြုပြင် ဆောင်ရွက်ပေးနိုင်ရေးနှင့် စိုက်ပျိုးရေ ရရှိရန် ခက်ခဲသော ဒေသများ၌ မြေအောက် ရေတွင်းအား ဆိုလာစနစ် တပ်ဆင် အသုံးပြု ဆောင်ရွက်ပေးနိုင်ရေးနှင့် စသည့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း