မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေး    အောက်တိုဘာ    ၁၃

          မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော် အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေ ချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မျိုးဆက်သစ်လူငယ် မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယနေ့အချိန် ကာလမှာ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုများ ပိုမို ဖြစ်ပေါ်လာပြီး ၎င်းရဲ့အကျိုးဆက်အနေဖြင့် သဘာဝ ဘေး အန္တရာယ်များကို ကမ္ဘာတစ်ဝှမ်းလုံး ကြုံတွေ့ခံစားနေကြရတာဖြစ်ပါကြောင်း၊ ဒီလို ရာသီဥတု ဖြစ်စဉ် ဖောက်ပြန်မှုတွေကြောင့် မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာကိုလည်း သိသာထင်ရှားစွာ တွေ့မြင်ကြရမှာဖြစ်ပြီး ဆက်စပ်မှုအနေဖြင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအချို့မှာ ရေဘေးအန္တရာယ် ကို ပိုမိုကြုံတွေ့ခံစားနေကြရတာဖြစ်ပါကြောင်း၊ ရေဘေးရဲ့အဖျက်စွမ်းအားဟာ အင်မတန်ကြီးမား ပြီး၊ မိုးများမှုကြောင့် ဖြစ်ပေါ်လာတဲ့ လျှပ်တစ်ပြက် ရေဘေးနဲ့ ၎င်းရဲ့ဆက်စပ်ဘေးဖြစ်တဲ့ မြေပြိုဘေး အန္တရာယ်ကိုလည်း ခံစားရတာဖြစ်လို့ အချိန်တိုအတွင်း လူ့အသက်၊ အိုးအိမ် စည်းစိမ်နဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များမှာ ဂေဟ စနစ်များ ပျက်စီးခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနဲ့ လူတို့ရဲ့ ပယောဂများကြောင့် ဖြစ်ပေါ်တာကိုလည်း တွေ့ရှိရမှာ ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ကမ္ဘာလုံးဆိုင်ရာ ညီလာခံမှာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)ကို ဦးစားပေး လုပ်ငန်းစဉ် (၄)ရပ်၊ ပန်းတိုင်(၇)ခုဖြင့် အတည်ပြုချမှတ်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့်လည်း ၎င်းလုပ်ငန်းစဉ်များကို ဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၈၉ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံက နှစ်စဉ် အောက်တိုဘာလ (၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေး နေ့အဖြစ် သတ်မှတ်ခဲ့ရာ အဆိုပါနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်း အနားများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့မှ စတင်၍ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ် ကျင်းပပြုလုပ် ခဲ့တာဖြစ်ပါကြောင်း၊ ဒီလိုကျင်းပရာမှာ နှစ်စဉ် ဆောင်ပုဒ်များ သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆန်ဒိုင်းမူဘောင်၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက် ရေးပန်းတိုင်(SDG)တို့နှင့် ဆက်စပ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ဘေးအန္တရာယ်များအတွက် ရန်ပုံငွေများ တိုးမြှင့်သုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကိုလျော့ပါးစေရန် ရည်ရွယ်၍ “ Fund resilience, not disasters ” ဘေးဒဏ်ကြံ့ကြံ့ခံ နိုင်ရေး သုံးစွဲဘဏ္ဍာတိုးမြှင့်ပေးလို့ သတ်မှတ်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု တွေကို လျော့နည်းစေရေးအတွက် စွမ်းရည်ပြည့်ဝတဲ့ မျိုးဆက်သစ် လူငယ်များရဲ့ ပူးပေါင်းဆောင်ရွက်မှု အင်အားကိုရယူပြီး သဘာဝဘေး ဒဏ်ကို ကြံ့ကြံ့ ခံနိုင်တဲ့ လူ့အသိုင်း အဝိုင်းတစ်ရပ်ဖြစ်စေရေးအတွက် မိမိတို့ကျရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။

          ဆက်လက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ သတင်းစကားရုပ်သံ (Video Message) ဗီဒီယို၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုနှင့် ငလျင်အသိပညာပေး ဗီဒီယို ပြသခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ၊ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာပြီးမြောက် ကြောင်း သိရှိရသည်။

နောက်ဆုံးရ သတင်း