မကွေး အောက်တိုဘာ ၂၄
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တို ဘာလ ၂၄ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်သူ့ဆေးရုံကြီး များမှ ဆေးရုံအုပ်ကြီးများ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နှစ်စဉ်အောက်တိုဘာလရဲ့ ဒုတိယအပတ်၊ ကြာသပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင် နိုင်ငံများမှာ နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင်လည်း သက္ကရာဇ်(၂၀၀၀) ပြည့်နှစ်မှစပြီး စတင် ကျင်းပခဲ့ကြောင်း၊ မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့ယွင်းခြင်းများဟာ ပြည်သူ့ကျန်းမာရေး ပြဿနာ တစ်ခုဖြစ်ကြောင်းကို သိရှိနားလည်ပြီး၊ ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အခြားနှီးနွယ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် စေတနာ့ ဝန်ထမ်းများ အားလုံးက ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီပူးပေါင်းပြီး မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လာစေရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများကြောင့် အမြင်အာရုံချို့ယွင်းမှုနှင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက် သွားစေရန် ရည်ရွယ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်ကတော့ “Love Your Eyes” “အမြင်အာရုံ ကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိ ကျန်းမာရေး အလေးပေးစို့” ဖြစ်ပါကြောင်း၊ မျက်စိကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ ရရှိလာစေရေးအတွက် အတွေ့အကြုံ များအား မျှဝေပေးခြင်းဖြင့် လူတစ်ဦး ချင်းစီတိုင်း အမြင်အာရုံကိုဦးစားပေး တန်ဖိုးထားတတ်ပြီး ပုံမှန်မျက်စိစစ်ဆေးခြင်း၊ ရောဂါရှာဖွေ ခြင်းများအား ပြုလုပ်လာစေရေး၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို လူတိုင်းလက်လှမ်း မီစွာရရှိ ဆောင်ရွက်နိုင်စေရေး အတွက် ဝိုင်းဝန်း ပံ့ပိုးပေးကြရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားအားလုံး ဘဝတစ်လျှောက် အမြင်အာရုံ ချို့ယွင်းမှု မရှိစေဖို့ရာအတွက် ငယ်စဉ် ကလေးအရွယ်ကစလို့ မျက်စိကျန်းမာရေးကို အလေးထားဆောင်ရွက် ကြဖို့ လိုအပ်ပါကြောင်းနှင့် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနနဲ့အတူ နှီးနွယ်ဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူ အားလုံးပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အထိမ်းအမှတ် အခမ်း အနားတွင် ခင်းကျင်းပြသထားသည့် ပြခန်းငယ်နှင့် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အဖြစ် မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မကွေးပြည်သူ့ ဆေးရုံကြီး နှင့် မင်းဘူးပြည်သူ့ဆေးရုံကြီးတို့တွင် မျက်စိအတွင်းတိမ်လူနာ(၂၀)ဦးစီ အခမဲ့ ခွဲစိတ်ကုသပေး ဆောင်ရွက်မှုအား အားပေးကြည့်ရှုကာ၊ မျက်စိဝေဒနာရှင်များအား ထောက်ပံ့ငွေနှင့် မျက်မှန်များကို ပေးအပ်ခဲ့ ကြောင်း သိရသည်။







