မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေ တင်စီမံကိန်း ရေသောက်ဧရိယာအတွင်း ရေတင်စနစ်ဖြင့် ရေပေးဝေဆောင်ရွက်မှု ကြည့်ရှု စစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၊ မကွေးမြို့နယ် ကျေးရွာအုပ်စု(၆)အုပ်စုမှ ဒေသခံ တောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေ တင်စီမံကိန်း ရေသောက်ဧရိယာအတွင်း ရေတင်စနစ်ဖြင့် ရေပေးဝေဆောင်ရွက်မှု ကြည့်ရှု စစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၊ မကွေးမြို့နယ် ကျေးရွာအုပ်စု(၆)အုပ်စုမှ ဒေသခံ တောင်သူများနှင့် တွေ့ဆုံ

မကွေး   နိုဝင်ဘာ    ၁၀

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာ အတွင်း ရေတင်စနစ်ဖြင့် ရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်း ဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိပြီး၊ စီမံကိန်း ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဦးက စီမံကိန်းလုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများနှင့် ကွင်းအမှတ် (၃၈၄)၏ ကွင်းရှိဧက(၂၄၂)အနက် တစ်ကွင်းတစ်စပ်တည်း ညီညာပြန့်ပြူးစွာ တည်ရှိသည့် လယ်မြေ(၁၀၇) ဧက နှင့် ယာမြေ(၁၂၃)ဧက၊ စုစုပေါင်း (၂၃၀)ဧကအား လုံလောက်သော စိုက်ပျိုးရေ ရရှိစေရေးအတွက် တောင်သူများအား စိုက်ပျိုးရေဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာ ကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညံတောအင်းကျေးရွာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျှပ်စစ်ရေတင်စနစ်ကို အကျိုးရှိစွာ အသုံးချပြီး နွေ ၊ မိုး ၊ ဆောင်း ရာသီမပြတ် မြေပဲ ၊ နှမ်း ၊ နေကြာသီးနှံနှင့် ပန်းနှမ်းတို့ကို အားထားစိုက်ပျိုးကြဖို့၊ ရေသောက်ဧရိယာရှိ စိုက်ပျိုးလယ်မြေများ အရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိတဲ့အတွက် ဒေသခံတောင်သူများ အနေနဲ့ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင် စေရန်နှင့် ရေကိုချွေတာ သုံးစွဲနိုင်ရန်အတွက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို သတ်မှတ်ချိန်အတွင်း အပြီးစိုက်ပျိုးရန် လိုအပ်ကြောင်း၊ သီးနှံစိုက်ပျိုးရာမှာလည်း ဒေသတွင်း လိုအပ်သော မျိုးကောင်း မျိုးသန့်များကို စနစ်တကျရွေးချယ် သုံးစွဲပြီး စိုက်ပျိုးကြစေလို ကြောင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဝန်ထမ်းတွေက စိုက်ရေးပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တတ်နိုင်သည့်ဘက်မှ အစဉ်အမြဲ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ် ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ ညံတောအင်း ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေပေးဝေရာတွင် ရေလေ လွင့်မှုမရှိအောင် စနစ်တကျ သုံးစွဲစေရေးအတွက် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် (Participatory Irrigation Management (PIM)ဖြစ်သည့် ရေအသုံးချ သူတောင်သူ လယ်သမားအစုအဖွဲ့ (WUGs) များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ရေနှုတ်မြောင်း၊ တောင်သူရေယူမြောင်း(လယ်ကြားမြောင်း)များ ဖောက်လုပ်ခြင်းများကို ဆောင်ရွက်ခဲ့၍ ညံတောအင်းကျေးရွာ၊ ကွင်းအမှတ် (၃၈၄)ရှိ လယ်မြေ (၁၀၇)ဧကနှင့် ယာမြေ( ၁၂၃ )ဧက စုစုပေါင်း( ၂၃၀ ) ဧကအတွက် လုံလောက်သော စိုက်ပျိုး ရေရရှိပေးဝေနိုင်ခဲ့ပြီး၊ တစ်နှစ်လျှင်(၃)သီး စိုက်ပျိုးနိုင်ကာ၊ သီးနှံစိုက်စွမ်းအား၊ သီးနှံအထွက်နှုန်းများ မြင့်မားလာခြင်းနှင့်အတူ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပြီး ညံတောအင်း ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

          ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် အလယ်ဘို ကျေးရွာအုပ်စု အလယ်ဘိုကျေးရွာသို့ ရောက်ရှိခဲ့ပြီး၊ (အထက-ခွဲ၊ အလယ်ဘို)ကျောင်းခန်းမ၌ အလယ်ဘို၊ သစ်ရာကောက်၊ ဆူးပြစ်စမ်း၊ ငါးဆောင်၊ စမ်းမကြီးနှင့် ညောင်ကြတ်စမ်း စသည့် ကျေးရွာ အုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

          တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး ရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေး အတွက်(အဓိကသီးနှံ- ၁၀ မျိုး) ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ အနေ ဖြင့် ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လက်ရှိ အခြေ အနေထက် ပိုပြီးအားထည့်ပြီး ကြိုးစားဆောင်ရွက်ကြဖို့ ပြောလိုကြောင်း၊ တောင်သူများ ဆောင်းသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်စေရေးအတွက် သီးနှံအလိုက် လျာထားဧက ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုး ကြဖို့၊ မြေဆီလွှာဖွံဖြိုးတိုးတက်စေရန် အတွက် ငွေအကုန်အကျ သက်သာသည့် တိရစ္ဆာန်စွန့် အညစ် အကြေး) နွားချေး ၊ ဆိတ်ချေး ၊ သဘာဝမြေဆွေး အစရှိသည့် မြေဩဇာများနှင့် သဘာဝ ပိုးသတ်ဆေးများကို ပြုလုပ်သုံးစွဲ စိုက်ပျိုးကြဖို့၊ မကွေးမြို့နယ် အနေဖြင့် စိုက်ပျိုးရေးကဏ္ဍ အခြေခံ ကောင်းများကို ပိုင်ဆိုင်ထားသော်လည်း မိုးရွာသွန်းမှုနည်းပါးသည့်အတွက် စိုက်ပျိုးရေ လုံလောက်စွာ မရရှိဘဲ၊ စိုက်ပျိုးရေ လုံလောက်စွာရရှိ စိုက်ပျိုးနိုင်ရေးအတွက် ဆိုလာစနစ်ဖြင့် ရေတင်၊ ရေသွင်း၊ ရေးဖျန်းဆောင်ရွက်စိုက်ပျိုးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ တောင်သူ များအား လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် မိမိကျေးရွာမှ ပညာတတ်များပေါ်ထွန်းရေးအတွက် ပညာရေးကဏ္ဍကို နိုင်ငံတော်မှ မြှင့်တင် ဆောင်ရွက် ပေးနေသလို ဒေသခံ ရပ်မိရပ်ဖများ အနေဖြင့်လည်း သက်ဆိုင်ရာ ပညာရေးဌာနနှင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှသာ မိမိ ကျေးရွာမှ ထူးချွန်ထက်မြတ်သော ပညာတတ်များ ပေါ်ထွန်းလာကာ ရပ်ရွာ တိုးတက်လာမည်ဖြစ် ကြောင်း စသည်ဖြင့် ပြောကြားကာ၊ ကျေးရွာအုပ်စု အသီးသီးမှ တက်ရောက်လာသည့် ဒေသခံ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆက်စပ် ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း