မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၄) (ဓာတ်ခွဲ) (၈)လသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်  ကုသရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၄) (ဓာတ်ခွဲ) (၈)လသင်တန်း ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

မကွေး ဇွန် ၂၄

          မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် (၄) (ဓာတ်ခွဲ) (၈)လသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက်၉ နာရီက တိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဆေးတက္ကသိုလ်(မကွေး)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ သင်ကြားရေးအဖွဲ့ဝင်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်(၂)ရပ်ဖြစ်တဲ့ "လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင် ရေးနဲ့ လူတိုင်းရောဂါဘယ ကင်းရှင်းရေး"တို့ကို အောင်မြင်အောင် အကောင် အထည်ဖော်နိုင်ဖို့ အတွက် "ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ် တားဆီးခြင်းနဲ့ ရောဂါဖြစ်ပွားလျှင် ထိရောက်စွာ ကုသမှုပေးခြင်း" ဆိုတဲ့ နည်းနာ(၃)ရပ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားလာရင် ထိရောက်စွာ ကုသပေး နိုင်ဖို့ ပြည်သူ့ ဆေးရုံတွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး ဆရာဝန်၊ သူနာပြု၊ ဓာတ်ခွဲ၊ ဓာတ်မှန်၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြားအရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းများဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ နေရာတစ်ခု ဖြစ်ဖို့လိုအပ်ပါကြောင်း၊ အလားတူ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေဆိုတာလည်း ပြည်သူများရဲ့ ကျန်းမာရေးကို အသက်အပိုင်းအခြားအလိုက်၊ နေရာဒေသ အလိုက် ကျန်းမာရေးဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းများပဲဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်း တွေအတွက်ဖြစ်စေ၊ ကုသရေးလုပ်ငန်းတွေ အတွက်ဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မှာ ဓာတ်ခွဲဝန်ထမ်းတွေဆိုတာ အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ပါဝင်နေတဲ့အတွက်ကြောင့် အရည်အချင်း ပြည့်ဝတဲ့ ဓာတ်ခွဲဝန်ထမ်းတွေကို နိုင်ငံတော်မှ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဓာတ်ခွဲပညာ ရပ်ဟာ လူနာတွေကို ရောဂါကုသမှု စတင်ဖို့ အတွက် ရောဂါရှာဖွေပေးခြင်း၊ ကုသမှုပေးရာမှာ ရောဂါသက်သာ မှုရှိ/မရှိ စစ်ဆေးပေးနိုင်ခြင်း၊ ရောဂါပြင်းထန်မှုအခြေအနေကို ခန့်မှန်းပေးနိုင်ခြင်းနဲ့ ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ မကူးစက်တတ်သော ရောဂါတွေကို စောင့်ကြည့် စစ်ဆေးပေးနိုင်ခြင်း စတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဓာတ်ခွဲသင်တန်းတွေ ဖွင့်လှစ်ပေးခြင်းဟာ အလွန်အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း၊ သင်တန်းကို မကွေး ပြည်သူ့ဆေးရုံကြီးက ရောဂါဗေဒ အထူးကုဆရာဝန်ကြီးနဲ့ အဏုဇီဝဗေဒ အထူးကုဆရာဝန်ကြီး ဦးဆောင်တဲ့ သင်ကြားရေးအဖွဲ့ဝင်တွေက စာတွေ့လက်တွေ့ စနစ်တကျ ပေါင်းစပ်သင်ကြားသွားမှာ ဖြစ်ပြီး၊ သင်တန်းသား/ သင်တန်းသူများအနေနဲ့ သင်တန်းတက် နေစဉ်ကာလအတွင်း သင်တန်းက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီး ပို့ချချက်တွေကို ကြိုးစားသင်ယူကြဖို့ မှာကြား လိုကြောင်းနှင့် သင်တန်းသား/သင်တန်းသူ များအနေနဲ့ သင်တန်းကာလ အတွင်းမှာ မိမိရာထူးနဲ့ လျော်ညီစွာ ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရင်း ပြည်သူများ အားကိုးရတဲ့ ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းကောင်းများဖြစ် အောင် ကြိုးစားကြရန် တိုက်တွန်း ပြောကြားကာ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၄) (ဓာတ်ခွဲ) (၈)လသင်တန်းကို စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

          အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်/ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက်ရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများတွင် တာဝန်ချထားသည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်(၄) (ဓာတ်ခွဲ)သစ်လွင်များနှင့် တိုင်းဒေသကြီးကုသရေးဦးစီးဌာနလက်အောက်ရှိ ဌာန/ ဆေးရုံ များတွင် ခန့်ထားသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၄) (ဓာတ်ခွဲ)သစ်လွင် သင်တန်းသား/ သင်တန်းသူ (၇၇)ဦး တက်ရောက်ခဲ့ပြီး၊ (၂၄-၆-၂၀၂၅)ရက်နေမှ စတင်ကာ စာတွေ့ (၂)လ၊ လက်တွေ့ (၆)လ စုစုပေါင်း (၈)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း