မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာအုပ်စု မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာအုပ်စု မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

မကွေး အောက်တိုဘာ ၂၉

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ အောက်တိုဘာလ ၂၉ ရက်က မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့် တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေပြည့်ကျေးရွာအုပ်စုမှ ဒေသခံ များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)တာဝန်ရှိသူများက ဆန္ဒမဲပေးရာတွင် အဆင်ပြေ ချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)စက်အား ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရခြင်း၏ ရည်ရွယ်ချက်၊ စက်၏ ဖွဲ့စည်းတည် ဆောက်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ် ရေတွက်ပုံ၊ မဲရုံခင်းကျင်းမှုပုံစံ စသည်တိုကို ရှင်းလင်းပြောကြားဆောင်ရွက်နေမှု၊ တက်ရောက် လာသည့် မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက် ထရောနစ် မဲပေးစက်ဖြင့် စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ စမ်းသပ် ဆန္ဒမဲပေးခြင်း ဆောင်ရွက်နေမှုနှင့် မဲပေးစက် Printer မှ ထွက်ရှိလာသည့် စာရင်းဖြင့် ဆန္ဒပြုသူ အရေအတွက် မှန် ၊ မမှန် တိုက်ဆိုင် စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲ လက်မှတ်များ စိစစ်၍ မဲရလဒ် ထုတ်ပြန်ခြင်းများ သရုပ်ပြသဆောင်ရွက်နေမှုတို့အား လိုက်လံ ကြည့်ရှုအားပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲသည်။

          တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသောတောင်သူများအား တောင်သူ များအား တစ်ပိုင်တစ်နိုင် ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက ဝင်ငွေတိုးတက် စေရေးအတွက် တစ်နှစ်လျှင်သုံးသီးစိုက်ပျိုး၍ တောင်သူများ ဝင်ငွေ တိုးတက် လာစေရေး ကြိုးစား ဆောင်ရွက်ကြရန်၊ စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးနည်း စနစ်များကို မှန်ကန်အောင် ဆောင်ရွက်ခြင်း၊ တစ်ဧကသတ်မှတ်အပင်ဦးရေပြည်မီရေး၊ လိုအပ်သောသွင်းအားစုများ ထည့်သွင်း ခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းချိန်တွင် အလေအလွင့် မရှိစေရေး စနစ်တကျ ဆောင်ရွက်ကြရန်၊ သဘာဝဘေး အန္တရာယ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပေါ်ပါက ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေး အတွက် နွေနှမ်းသီးနှံတွင် စိမ့်မြောင်း၊ ပတ်မြောင်း၊ ရေထုတ်မြောင်း များ စနစ်တကျ ဆောင်ရွက်ခြင်းအား နွေနှမ်းစိုက်တောင်သူများအားလုံး လိုက်ပါဆောင်ရွက်သင့် ကြောင်း၊ ရေဝပ်ဧရိယာများတွင် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် တောင်သူများအနေဖြင့် လက်တွေ့လိုက်ပါဆောင်ရွက်နိုင်ရေး၊ မျှော်မှန်းပန်းတိုင် အထွက်နှုန်းများ ရရှိ၍ တောင်သူများ၏(၁)ဧကဝင်ငွေ တိုးတက်လာစေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ စေရေး၊ နိုင်ငံ၏စားနပ် ရိက္ခာဖူလုံပိုလျှံစေရေးနှင့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ် လုပ်မှုကို အားပေးစို့ စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် ခြင်းဖြစ်သည့်အတွက် တောင်သူများ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

          ဆက်လက်၍ ခမ်းအနားသို့ တက်ရောက်လာသော ရေပြည့်ကျေးရွာနှင့် အုပ်စုအတွင်း ကျေးရွာများမှ ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရေပြည့်အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း