မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးခရိုင်၊ မြို့ သစ်မြို့နယ်၊ ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပပြုလုပ်သည့် ဗိဿနိုးသစ္စာပေါင်းကူးတံတားဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးခရိုင်၊ မြို့ သစ်မြို့နယ်၊ ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပပြုလုပ်သည့် ဗိဿနိုးသစ္စာပေါင်းကူးတံတားဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး နို၀င်ဘာ ၄

          မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မြို့ သစ်မြို့နယ်၊ ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဗိဿနိုးပြည့်ရှင် ပန်ထွာဘုရင်မကြီး၏ ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ဖွင့်လှစ်မည့် ဗိဿနိုးသစ္စာပေါင်းကူး တံတားကြီးဖွင့်ပွဲ အခမ်းအနားကို နို၀င်ဘာလ ၄ ရက်နေ့နံနက်ပိုင်းက အဆိုပါ တံတားမုခ်ဦးရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရ သတင်း