မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၃)(ဓာတ်မှန်) (၆)လသင်တန်း သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၃)(ဓာတ်မှန်) (၆)လသင်တန်း သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မကွေး နိုဝင်ဘာ ၅

          ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီးကုသရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်(၃)(ဓာတ်မှန်) (၆)လ သင်တန်း သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၅ ရက် ယနေ့နံနက် ၉ နာရီက တိုင်းပြည်သူ့ဆေးရုံကြီး(မကွေး)သင်တန်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးတက္ကသိုလ် (မကွေး) နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံ ကြီးမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ ဓာတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် တိုင်းပြည်သူ့ဆေးရုံကြီးဓာတ်မှန်ဌာနမှ (၅-၅-၂ဝ၂၅)ရက်နေ့မှ စတင်ပြီး (၆)လကြာ ပို့ချခဲ့သည့် ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်မှန်)(၆)လသင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများရဲ့ သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားပဲဖြစ်ကြောင်း၊ ဗဟိုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြည်သူ့ဆေးရုံကြီး တွေမှာ လစ်လပ်နေတဲ့ ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်မှန်) ရာထူးနေရာများကို တိုးမြှင့်ခန့်ထား နိုင်ရေးအတွက် တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့အပါအဝင် ပြည်နယ်/တိုင်းဒေသကြီး အသီးသီး မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီး (၁၃)ရုံမှာ သင်တန်းသားစုစုပေါင်း(၃ဝဝ)ဦးကို တပြိုင်နက်တည်း သင်တန်းဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်းနဲ့ တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့မှာ ဓာတ်မှန်ပညာ ဌာနက ပါမောက္ခ ဒေါက်တာစိမ်းမို့မို့ ဦးဆောင်တဲ့ သင်တန်းဆရာ(၈)ဦးကနေ သင်တန်း ပို့ချပေးခဲ့တာ ဖြစ်တယ်လို့ သိရှိရကြောင်း၊ သင်တန်းကို ပို့ချတဲ့နေရာမှာလည်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနက လမ်းညွှန်ထားရှိတဲ့ သင်ရိုးညွှန်းတမ်းများ၊ ဆန်းစစ်ခြင်းပုံစံများနဲ့အညီ စနစ်တကျသင်ကြား ပို့ချပေး ခဲ့ပြီးဖြစ်တဲ့အတွက် သင်တန်းဆရာ များအား ကျေးဇူးတင်ရှိပါကြောင်းနဲ့ အောင်မြင်စွာတက်ရောက် နိုင်ခဲ့တဲ့ သင်တန်းသား/ သင်တန်း သူများအတွက်လဲ ဂုဏ်ယူပါကြောင်း၊ ဒီကနေ့သင်တန်းဆင်းမယ့် သင်တန်းသား/သင်တန်းသူများ အနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ပြည်သူ့ဆေးရုံတွေမှာ လည်းကောင်း၊ သင်တန်း ဆင်းပြီး မကြာမီရာထူးတိုးမြှင့် ခန့်ထားပေးမယ့် ပြည်သူ့ဆေးရုံတွေမှာ လည်းကောင်း လူနာများ အကျိုးကို ရှေးရှုပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦး ရဲ့ကျင့်ဝတ်နဲ့ ဓာတ်မှန်ကျွမ်းကျင် ဝန်ထမ်းတစ်ဦးရဲ့ လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ရင်း ဓာတ်ရောင်ခြည်ရဲ့ ဆိုးကျိုးများလည်း ကင်းဝေး အောင်သတ်မှတ်ထားသော ရှောင်ရန်ဆောင်ရန် အချက်များကို တိကျစွာလိုက်နာ၍ ပြည်သူလူထု အကျိုး၊ နိုင်ငံ့အကျိုးကို ကျေပွန်အောင် ထမ်းဆောင် နိုင်သူတွေဖြစ်အောင် ကြိုးစား ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က သင်တန်းသား၊ သင်တန်းသူများ အား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး၊ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း