မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်(၃၆)နှစ်မြောက် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (၃၆)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်(၃၆)နှစ်မြောက် ကလေးသူငယ် အခွင့် အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (၃၆)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မကွေး နိုဝင်ဘာ ၂၀

          ၂ဝ၂၅ ခုနှစ်၊(၃၆)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ် နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးတရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်း ကလေးသူငယ်အရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ကလေး သူငယ်များနဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ (၃၆)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကလေးများနေ့ ဖြစ်ပေါ်လာပုံ ကတော့(၄၄)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သဘောတူညီစာချုပ် (UNCRC) (United Nations Convention on the Rights of the Child)ကို အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အဖြစ် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့မှာ အတည်ပြုခဲ့ကြောင်း၊ အဆိုပါ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကုလသမဂ္ဂ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် ကျင်းပခဲ့ကြောင်း၊ ယခုနှစ်(၃၆)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်ကတော့ “နေစဉ်အခွင့်အရေးများ မြှင့်တင် ရေးကလေးများအသံ နားထောင်ပေး ” “ Listen to the Children : my day, my rights ” ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ အနာဂတ်ပန်းကလေး များဖြစ်တဲ့ ကလေးသူငယ်များအတွက် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ပြီး ပြည်တွင်းဥပဒေ အဖြစ် ကလေးသူငယ်ဥပဒေ (၁၉၉၃)နဲ့ နည်းဥပဒေ (၂၀၀၁)ကို ပြဋ္ဌာန်း နိုင်ခဲ့ကြောင်း၊ ယခုအခါ ကလေးသူငယ်ဥပဒေကို ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ကလေး သူငယ်တိုင်း အခွင့်အရေးများအားလုံး တန်းတူရရှိစေရေး၊ ခွဲခြား ဆက်ဆံမှုမရှိစေရေး၊ လိမ္မာ ယဉ်ကျေးတဲ့ လူချွန်လူကောင်းများ ဖြစ်လာစေရေးနဲ့ လမ်းမှားသို့ မရောက်ရှိ စေရေးတို့အတွက် မိဘ/အုပ်ထိန်းသူ ဆရာ/ ဆရာမများ၊ ပြည်သူလူထု၊ နိုင်ငံတော် အစိုးရတို့မှ အဆင့်ဆင့်ထိန်းကျောင်း ပေးရန် အထူးလိုအပ်လှပါကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များလည်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို မိဘအုပ်ထိန်းသူများ အပါအဝင် ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကလေးသူငယ်ကိစ္စရပ်များ ဖြစ်ပွားလာပါကလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားလိုပါကြောင်း စသည် ဖြင့် ပြောကြားသည်။

          ဆက်လက်၍(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်း ရှင်းကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မှတ်တမ်းတင်ဗွီဒီယို ပြသခဲ့ပြီး၊ ဥယျာဉ်မှူ ပုဂလိက မူလတန်းကြိုကျောင်းမှ ကလေးငယ်လေးများမှ “ We are World ” သီချင်းဖြင့်လည်းကောင်း၊ တော်ဝင်ပန်း မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများမှ “ လောကအားမာန်” တေးသီချင်း အကဖြင့်လည်းကောင်း၊ Epic Horizons မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများမှ “ သားတို့ သမီးတို့ အခွင့်အရေး ”သံချပ်တို့ဖြင့်လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဖျော်ဖြေရေးအဖွဲ့ ရင်သွေးငယ်များအား ဂုဏ်ပြုဆုငွေများနှင့် လက်ဆောင်ပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း