မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်(၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်း အခမ်းအနား တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြား

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်(၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်း အခမ်းအနား တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြား

မကွေး နိုဝင်ဘာ ၂၉

          မကွေးတက္ကသိုလ်(၂၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစမ်းလေ့ကျင့်ခြင်း အခမ်းအနားကို နိုဝင် ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊တရားသူကြီး ချုပ်၊ ဥပဒေချုပ်နှင့် တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ဘွဲ့ရ မောင်မယ်များနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က #နိုင်ငံတော်အတွက် အရေးပါအရာရောက်တဲ့ ကဏ္ဍတွေထဲမှာ ပညာရေးကဏ္ဍဟာ အဓိက အကျဆုံးစွမ်းအားစုတွေကို ပေးနိုင်တဲ့ ကဏ္ဍတစ်ခု ဖြစ်သလို နိုင်ငံတော်အတွက် "မျက်မှောက်ကာလ ဖြစ်သော ပညာခေတ်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင် နိုင်တဲ့၊ အစဉ်လေ့လာ သင်ယူနေသော လူဘောင် အဖွဲ့အစည်းကို ဖန်တီးပေးနိုင်တဲ့၊ ပညာရေး စနစ်တစ်ခု ဖြစ်ထွန်းစေရန်" ဆိုတဲ့ အမျိုးသား ပညာရေး မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနေခြင်း ဖြစ်ပါကြောင်း၊ မောင်တို့ မယ်တို့သည် လက်တွေ့လုပ်ငန်းခွင်နဲ့ လူမှုဘဝမှာ အစဉ်လေ့လာသင်ယူ တတ်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ အသားကျနေဖို့ အရေးကြီးပါကြောင်း၊ သည်နေ့ခေတ်မှာ နည်းပညာ ဖွံ့ဖြိုးမှုကအရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတာကို သတိပြု မိကြောင်း၊ ဒါကြောင့် ကြုံတွေ့လာရတဲ့ အခြေအနေ၊ ပြဿနာတွေကို ချဉ်းကပ်လေ့လာရာမှာ အကြောင်းရင်းမှန်၊ အခြေအနေမှန်ကို ချဉ်းကပ် လေ့လာပြီး ဝေဖန်ပိုင်းခြားတတ်တဲ့ စိတ်ထား ကောင်းတဲ့ နိုင်ငံ့အကျိုးပြု ပညာရှင်တွေပေါ်ထွန်းလာဖို့ နိုင်ငံတော်က မျှော်မှန်းထားပါကြောင်း၊ တက္ကသိုလ်က ဘာသာရပ် ဆိုင်ရာကို တတ်သိနားလည်အောင် သင်ကြားပေးပြီး သုတေသနတွေ၊ စာပေ၊ ဂီတ အနုပညာ ယဉ်ကျေးမှုနဲ့ အားကစားတွေမှာ ကိုယ်တိုင် ပါဝင် ဆောင်ရွက်စေခြင်းသည် နိုင်ငံတော်ရဲ့ အဓိက စွမ်းအားစုများဖြစ်တဲ့ မောင်မယ်တို့ကို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနဲ့ ဘောဂဗလ ဆိုတဲ့ ဗလငါးတန် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းတော်ကြီးက လေ့ကျင့်ပေးခဲ့တဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အခြေခံကောင်းကို အသုံးချပြီး ကလျာဏ မိတ္တကောင်းတွေနဲ့ လူမှုအဝန်း အဝိုင်းကောင်းကို ဖန်တီးနိုင်ကြစေလိုကြောင်း၊ ဒါကြောင့် ကိုယ်ကျွမ်းကျင်ပြီးသား အရည်အသွေးကို လည်း နိုင်ငံတကာစံနှုန်းအထိ အမီလိုက်နိုင်အောင် မိမိကိုယ်ကိုယ် အစဉ်မပြတ် ဖြည့်ဆည်းနေမှသာ ကြုံတွေလာတဲ့ အခက်အခဲတွေကို မှန်ကန်စွာ ဆုံးဖြတ်နိုင်တဲ့ စွမ်းရည်သတ္တိမျိုးကို ရနိုင်ကြမှာ ဖြစ်ပါ ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် မိမိတို့တာဝန်ကျရာ မိမိတို့ အသက်မွေးဝမ်းကျောင်းရာ နယ်ပယ် အသီးသီးမှာ လျင်မြန်ချောမွေ့စွာ ပေါင်းစည်းဆောင်ရွက်ကြဖို့၊ အပြုသဘောဆောင်တဲ့ အမြင်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်ပြီး မိမိတို့ရဲ့ ဘဝတစ်သက်တာ ပညာရေးကို တိုးတက်စေမည့် အတွေး အကြံ၊ အပြောအဆို၊ အပြုအမူတွေနဲ့ ဖြောင့်မတ်တည်ကြည်စွာ ကျင့်ကြံနေထိုင်ကြဖို့နဲ့ မကွေး တိုင်းဒေသကြီးရဲ့ အကျိုးနဲ့ နိုင်ငံတော်ရဲ့ အနာဂတ်ကို ကောင်းမွန်မြင့်မြတ်တဲ့ အသိ၊ အလိမ္မာ ဉာဏ်ပညာတွေနဲ့ ကျေးဇူးပြုနိုင်တဲ့ နိုင်ငံတော်က အားထားရတဲ့ စွမ်းအားပြည့် အရင်းအမြစ်များ ဖြစ်လာကြပါစေကြောင်း ဆန္ဒပြုပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓါတိပုံရိုက်ကူးခဲ့ကြပြီး၊ ဘွဲ့နှင်းသဘင် အစီအစဉ်များအရ အစမ်းလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရ သတင်း