မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာလူထု အားကစားလ အကြို စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒီဇင်ဘာလူထု အားကစားလ အကြို စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ

မကွေး နိုဝင်ဘာ ၂၉

          တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မား ရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့် နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ အကြို စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မကွေးမြို့ တိုင်းအားကစားကွင်း‌ရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသ ကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

          ဦးစွာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲကို ဖွင့်လှစ်ပေးပြီး တာလွှတ်ပေးရာ တိုင်းအားကစားကွင်းရှေ့မှ စတင်၍ ပြည်တော်သာလမ်း၊ ထိုမှတဆင့် မြိုပတ်လမ်း တစ်လျှောက်၊ အဝေရာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ တိုင်းအားကစားကွင်းအတွင်း ပြန်လည် ဝင်ရောက်ပြီး၊ တိုင်းဒေသကြီး အားကစားကွင်းတွင် ကိုယ်ကာကယ ကြံ့ခိုင်မှုလေ့ကျင်ခန်း အတွဲ(၁) အတွဲ(၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းတို့ကို တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးကာ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူ များက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး၊ စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးခဲ့သည်။

          ဆက်လက်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထူအားကစားလှုပ်ရှားမှု အထိမ်းအမှတ် အခြေခံပညာ ကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲ ဖွင့်ပွဲအခမ်းနား ကျင်းပရာ အခြေခံပညာ ကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲဝင်များမှ စုပေါင်း၍ "လမ်းလျှောက်မယ် "သီချင်းဖြင့် ဂါရဝပြု သရုပ်ပြသ ဆောင်ရွက်မှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအတွက် ဝတ်စုံစရိတ်အဖြစ် တစ်သင်းလျှင် (၇) သိန်းနှုန်းဖြင့် အသင်း(၁၄)သင်းအတွက် စုစုပေါင်းငွေကျပ်(၉၈)သိန်းနှင့် ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်း‌‌လျှောက်ခြင်း လှုပ်ရှားမှုများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်း