မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပထမနှစ်၊ ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ၁၁/၂၀၂၅ သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပထမနှစ်၊ ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ၁၁/၂၀၂၅ သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၈

          အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး) ပထမနှစ်၊ ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာ ရေး) (၁၁/၂၀၂၅)သင်တန်း မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၈ ရက် ယနေ့ နံနက် ၉ နာရီက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးမြို့ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မောင်မယ် သစ်လွင်များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့နေရာမှာ အဲ့ဒီနိုင်ငံရဲ့ ကျန်းမာရေး ဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းတွေကလဲ အရေးကြီးတဲ့ တိုင်းတာသတ်မှတ်မှုတစ်ခုအဖြစ် ပါဝင်တယ် ဆိုတာ အားလုံးသိကြ ရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံအတွင်း မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါင်းကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးတဲ့ နေရာမှာ “လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနဲ့ လူတိုင်းရောဂါဘယ ကင်းရှင်း ရေး”တို့ကို ရည်မှန်းချက်များအဖြစ် ထားရှိပြီး အဲဒီရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက် “ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေး အသိပညာ ပေးခြင်း၊ ရောဂါကာကွယ် တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာ ကုသမှုပေးခြင်း” ဆိုတဲ့ နည်းနာ(၃)ရပ်နဲ့ ဆောင်ရွက်နေ တယ်ဆိုတာ အားလုံး အသိဖြစ်ကြောင်း၊ ဒီလို ရည်မှန်းချက်တွေ၊ နည်းနာတွေချမှတ် ဆောင်ရွက်တဲ့ နေရာမှာ သတိထားကြည့်ရင် နိုင်ငံလူဦးရေရဲ့ အများစု (၇၀) ရာခိုင်နှုန်းခန့် နေထိုင်နေတဲ့ ကျေးလက်နေပြည်သူများရဲ့ ကျန်းမာရေးကို တာဝန်ယူရမှာဖြစ်လို့ တာဝန်ကြီးမားလှသလို ဂုဏ်ယူ ဝမ်းမြောက်စရာ ကောင်းလှပါကြောင်း၊ ဒီတက္ကသိုလ်ဟာ တို့နိုင်ငံမှာ တစ်ခုတည်းသော တက္ကသိုလ် ဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက တိုင်းရင်းသားအားလုံး ဆုံဆည်းရာ ပြည်ထောင်စု တက္ကသိုလ် ဖြစ်တဲ့အတွက် တစ်ဦးနဲ့ တစ်ဦး စည်းလုံးညီညွတ်စွာ ချစ်ကြည် ရင်းနှီးစွာ ပညာသင်ယူ ကြရမှာဖြစ်ကြောင်း၊ စာတွေ့လက်တွေ့ဘာသာရပ်တွေကို သေသေချာချာ လေ့လာကြိုးစားသင်ယူ ကြဖို့၊ မသိ နားမလည်တာတွေရှိရင်လဲ ဆရာ၊ ဆရာမတွေကို ရင်းရင်းနှီးနှီး တွေ့ဆုံ မေးမြန်းကြဖို့နဲ့ နောင်တစ်ချိန် တိုင်းပြည်တာဝန်တွေ ထမ်းဆောင်ကြတဲ့ အချိန်မှာ အရည်အသွေး၊ အရည်အချင်း ပြည့်ဝတဲ့ ကျန်းမာရေး ဝန်ထမ်းကောင်းတွေဖြစ်အောင် ကြိုးစားကြ စေလိုကြောင်းနှင့် မောင်တို့မယ်တို့ အားလုံးကို မိခင်တက္ကသိုလ်ကြီးနဲ့ စီနီယာ အကိုအမတွေ အားလုံးက ကြိုဆိုကြသလို ဆရာ၊ ဆရာမ များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း နွေးထွေးစွာ ကြိုဆိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

          ဆက်လက်၍ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ပါမောက္ခချုပ် ဒေါက်တာထွန်းတင်က ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး)သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ပညာသင်နှစ် အလိုက် သင်ကြားပေးမည့် အစီအစဉ်များနှင့် ကျောင်းစည်းကမ်းများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း