မကွေး ဒီဇင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ် ပုံမှန်သင်တန်းများဖွင့်လှစ်ရေးနှင့် ပထမနှစ် ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မကွေးပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဥပဒေချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ သင်တန်းသား၊ သင်တန်းသူများက ပညာ့ပန်းေ၀ ဖန်ခါးမြေ တေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြား ရာတွင် လက်ရှိ ကျွန်ုပ်တို့နိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်လျက်ရှိရာမှာ နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝရန် အရေးကြီးသကဲ့သို့ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အတွက်လည်း ပညာရေးကို မြှင့်တင်အားပေးလျက်ရှိပါကြောင်း၊ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် မကွေးပညာရေး ဒီဂရီကောလိပ်မှ ဖွင့်လှစ်တဲ့ ပထမနှစ်အတန်းကို စတင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုပါကြောင်း ယခု မကွေးပညာရေးဒီဂရီ ကောလိပ်မှာ G-12 အောင်မြင်ပြီး ပထမနှစ်သို့ လာတက်ရောက်သည်မှာ ဒုတိယအသုတ် ဖြစ်ပြီး၊ ယခင်နှစ် ပထမအသုတ်မှာ ကျောင်းသား၊ ကျောင်းသူ (၁၉၈)ဦး တက်ရောက် ခဲ့ပြီး ယခုနှစ် G-12 အောင်မြင်ပြီးသူ (၁၇၈)ဦးနှင့် ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ စုစုပေါင်း (၁၁၃၀)ဦး တက်ရောက် ပညာသင်ကြားနေသည်ဟု သိရကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ ပညာရေးဒီဂရီကောလိပ် (၂၅)ခုမှာ အခြေခံပညာ မူလတန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမလောင်းများကို တစ်ပြိုင်နက် လေ့ကျင့် သင်ကြားပေးလျက်ရှိပါရာမှာ ဆရာအတတ်ပညာများကို(၄)နှစ်တာ တက်ရောက် လေ့ကျင့် သင်ကြား ရမှာဖြစ်ပြီး အောင်မြင်သော အခါ B.A(Education) နှင့် B.Sc(Education)ဘွဲ့ ကိုရရှိပြီး အလယ်တန်းပြ ရာထူးဖြင့် အလုပ်ခန့်အပ်မှာဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် (B.Ed) မဟာပညာရေးဘွဲ့( M.Ed) ပါရဂူဘွဲ့ (Ph.D)အထိ ရယူနိုင်မှာဖြစ်တဲ့အတွက် မိမိတို့ကြိုးစားရင် ကြိုးစားသလောက် သင်ယူမှု အခွင့်အလမ်း များကိုရှိမှာဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ သင်ရိုးညွှန်းတမ်းများ ကိုလည်း နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်း များဖြစ်လာစေရေးအတွက် နိုင်ငံတော်က ရေးဆွဲ ပြုစုပြီး သင်ကြားပို့ချလျက်ရှိပါတယ်။ မူလတန်းနှင့် အလယ်တန်းကျောင်း စာသင်ခန်းများတွင် ထိရောက်စွာ သင်ကြားနိုင်ရန် လိုအပ်သော တက်ကျွမ်းမှုများ၊ တတ်မြောက် သွားစေရန် စီစဉ်ရေးဆွဲ ထားကြောင်း သိရှိရပြီး၊ ဆရာများအတွက် တက်ကျွမ်းမှု စံသတ်မှက်ချက် အညွှန်းဘောင် ( TCSF ) အပေါ်အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ ယနေ့ကာလဟာ နိုင်ငံတော်ရဲ့အနာဂတ်ကို မျှော်မှန်းပြီး တိုင်းကျိုးပြည်ဆောင်နိုင်ငံသားကောင်း၊ သမီးမွန်များ ပြုစုပျိုးထောင် မွေးထုတ်ပေး နိုင်စေရန် ပညာရေးကဏ္ဍက တာဝန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အချိန် ကာလ ဖြစ်တဲ့အတွက် ဆရာ၊ ဆရာမများရဲ့ အားထုတ်ကြိုးပမ်းမှု မွန်မြတ်သော စိတ်စေတနာနဲ့ ဆရာ့အရည် အသွေးပြည့်၀ မြင့်မားမှုတို့ဟာ အလွန်အရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိနေပြီးဖြစ်ပါကြောင်း၊ “ပညာအရည် အသွေး ကောင်းမွန်ရေး ၊ အရည်အသွေးကောင်းမွန်သည့် ဆရာရရှိအောင်ပျိုး ထောင်ပေး” (Quality Teacher's for Quality Education) ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အရည် အသွေးကောင်းမွန်တဲ့ ပညာရေးကို အရည်အသွေးကောင်းမွန်တဲ့ ဆရာများကသာ ဆောင်ကြဉ်းပေး နိုင်မှာ ဖြစ်ပါကြောင်း၊ ယခုအချိန်အခါသည် ဆရာနှင့် တပည့် ပညာဆည်းပူးရာမှာ ခေတ်မီ ဆက်သွယ်ပို့ချမှု နည်းပညာ (ICT) ဖြင့် တပည့်များကိုယ်တိုင်(Teaching Learning Process)တွင် ပါဝင်ကာ၊ လေ့လာသင်ယူရသော ခေတ်သို့ ပြောင်းလဲလာပြီဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတော်အစိုးရ အနေဖြင့် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ ဗလငါးတန် ဟုဆိုရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ သာမက မျက်မှောက် ခေတ် ၂၁ ရာစု ဗလငါးတန်ဟု ဆိုရမည့် IQ : Intelligence Quotient ခေါ် ဉာဏ်ရည်ဉာဏ်သွေး EQ : Emotional Quotient ခေါ် စိတ်နှလုံးခံစားမှု အရည်အသွေး CQ : Culture Quotient ခေါ်မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည်လက်ခံနိုင်သည့် အရည်အသွေး၊ SQ : Spiritual Quotient ခေါ် ဘဝရှင်သန် နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည်အသွေး၊ PQ : Physical Quotient ခေါ် ကိုယ်ခန္ဓာ ကြံ့ခိုင်ကျန်းမာမှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် အရည်အသွေးတို့ကို ဖြည့်ဆည်းနိုင်ကြရမည်ဖြစ် ကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ အရည်အသွေး ကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်းပေးနိုင်စွမ်းရှိသည့် အရည်အသွေးပြည့်ဝသော ဆရာ/ဆရာများကို လိုအပ်လျက်ရှိသလို ဆရာ/ဆရာမများ ကိုယ်တိုင် ကလည်း အရည်အချင်း ပြည့်ဝစေရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အသိပညာ ဗဟုသုတများ၊ ပြောင်းလဲ တိုးတက်နေသော ပညာရေးစနစ်များအား စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးပြီး မိမိတို့၏ အရည်အသွေးများအား မြှင့်တင်ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ သစ်လွင်မောင်/ မယ်များက ကိုယ်ဟန်ပြယှဉ်ပြိုင်ခဲ့ကြပြီး၊ သင်တန်းသား၊ သင်တန်းသူများက ကျေးလက်သဘာ၀ ကျေးလက်အလှ၊ မလေးလက်ခတ်သံ၊ ရေအိုး၊ ရတနာပုံ၊ ဖန်ခါးမြေမှဖိတ်ခေါ်သံနှင့် လူချွန်လူကောင်းတို့ဂုဏ်ရည် စသည့် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ထို့နောက် သစ်လွင်မောင်၊ သစ်လွင်မယ် ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က စလွယ် များချီးမြှင့်ပေးပြီး၊ သစ်လွင်မောင်/မယ်များနှင့် ဖျော်ဖြေရေးအဖွဲများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။




