မကွေး ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီး ဒီဇင်ဘာ လူထုအားကစားလ လှုပ်ရှားမှု အမျိုးသား/ အမျိုးသမီး စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တိုင်းအားကစား ကွင်း၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော် အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော် များ၊ စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာ လူထုအားကစားလ လှုပ်ရှားမှု အထိမ်း အမှတ် စက်ဘီးစီးနင်းပွဲတွင် ပါဝင်စီးနင်းကြမည့် အမျိုးသား/ အမျိုးသမီး စက်ဘီးစီး အားကစား သမားများအား မကွေးမြို့၊ တိုင်းဒေသကြီးအားကစားကွင်းရှေ့မှ စတင်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တာလွတ်စင်မြင့်ထက်တွင် နေရာယူကာ စက်ဘီးစီးနင်းပွဲအား သေနတ်ပစ်ဖောက်၍ တာလွှတ်ဖွင့်လှစ်ပေးကာ၊ မကွေးမြို့တစ်ပတ် စက်ဘီးစီးနင်းခဲ့ကြသည်။
ဒီဇင်ဘာ အားကစားလ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို မကွေးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်းအင်အား သုံးရာကျော် ပါဝင်ဆင်နွှဲခဲ့ပြီး တာအဝင်တွင် စက်ဘီးစီးနင်းသူများအား စက်ဘီးဆု(၅)ဆု အပါအဝင် ပန်ကာ၊ လျှပ်စစ်မီးပူနှင့် ငွေသားဆုများကို ဗလမပါကံစမ်းမဲနှိုက်၍ မဲဖောက်ပေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများက ဆုမဲပေါက် အားကစား သမားများအား စက်ဘီးဆု(၅)ဆုနှင့် လက်ဆောင်ပစ္စည်းများကို ချီးမြှင့်ပေးခဲ့ကြောင်းနှင့် စုပေါင်း စက်ဘီးစီးနင်းပွဲ ပါဝင်ဆင်နွှဲကြသူများအား စားသောက်ဖွယ်ရာ အချိုရည်၊ မုန့်နှင့် သောက်ရေသန့် ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။







