မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အောင်လံမြို့ အောင်မြေရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံတောင်သူများအား လက်ဆွဲမျိုးစေ့ချ ကိရိယာများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အောင်လံမြို့ အောင်မြေရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသခံတောင်သူများအား လက်ဆွဲမျိုးစေ့ချ ကိရိယာများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး     ဒီဇင်ဘာ     ၃၀

          မကွေးတိုင်းဒေသကြီး အောင်လံခရိုင်၊ အောင်လံမြို့နယ် ဒေသခံတောင်သူများအား လက်ဆွဲ မျိုးစေ့ချ ကိရိယာများ ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်က အောင်လံမြို့ အောင်မြေ ရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးဟာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ စက်မှုကုန်ကြမ်းသီးနှံ ဝါ အပါအဝင် သီးနှံစုံ စိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် ဆောင်ရွက်လျက်ရှိရာမှာ ၂၀၂၄ - ၂၀၂၅ ခုနှစ်မှာ ဆန်ဖူလုံမှု (၈၁.၉၉)ရာခိုင်နှုန်း၊ ဆီဖူလုံမှု (၄၁၆.၄၈)ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၂၅ - ၂၀၂၆ ခုနှစ်မှာ ဆန်ဖူလုံမှု (၈၇.၂၆)ရာခိုင်နှုန်း၊ ဆီဖူလုံမှ (၅၀၂.၇၆)ရာခိုင်နှုန်းရရှိရေး ရည်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးရဲ့ စပါးစိုက်ပျိုးထုတ်လုပ်မှုအနေနဲ့ ၂၀၂၄ - ၂၀၂၅ ခုနှစ်မှာ မိုးစပါးစိုက်ဧက (၆)သိန်း ကျော်၊ နွေစပါးစိုက်ဧက (၃)သောင်းကျော်စိုက်ပျိုးခဲ့ပြီး၊ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ မိုးစပါးစိုက်ဧက (၆) သိန်းကျော် စိုက်ပျိုးထားပြီး နွေစပါးစိုက်ဧက(၆)သောင်း စိုက်ပျိုးဖို့လျာထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ ပျိုးထောင်ရေ၊ စိုက်ပျိုးရေနဲ့ အောင်ရေ လုံလောက်အောင်ရရှိရေး၊ ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနဲ့ စိုက်ပျိုးနည်းစနစ်များမှန်ကန်ရေး ဆောင်ရွက်ရမှာဖြစ် ပါကြောင်း၊ မိုးစပါးအထွက်နှုန်း တိုးတက်ရေး၊ တစ်ဧကအပင်ဦးရေ ပြည့်မီဖို့အရေးကြီးပြီး ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တစ်ဧကအပင်ဦးရေ ပြည့်မီဖို့အတွက် စိုက်စနစ်မှန်ကန်ဖို့ လိုအပ် ကြောင်း၊ စိုက်စနစ်မှန်ကန်ဖို့အတွက် လိုအပ်တဲ့ လက်ဆွဲကောက်စိုက်စက်၊ လက်ဆွဲမျိုးစေ့ချ ကိရိယာ များကို ပံ့ပိုးဖြန့်ဖြူးပေးလျက်ရှိပြီး တိုင်းဒေသကြီးအတွင်း ကောက်စိုက်စက်(၁၈)စီး၊ လက်ဆွဲ ကောက်စိုက်စက် (၄၂)ခု၊ လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder) (၁၃၇၅)ခု တို့နဲ့ စိုက်ပျိုး လျက်ရှိရာမှာ မိုးစပါး၊ နွေစပါးစိုက်ဧရိယာအားလုံး စိုက်စနစ်မှန်ကန်ရေး ရာနှုန်းပြည့် ဆောင်ရွက် နိုင်ဖို့အတွက် ထပ်မံလိုအပ်တဲ့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) (၄၀၇၉)ခုကို ဖြန့်ဖြူးပေး နိုင်ရေး ဆောင်ရွက် လျက်ရှိတာဖြစ်ပါကြောင်း၊ မျိုးစေ့ချကိရိယာ Seeder နဲ့ စိုက်ပျိုးခြင်းအားဖြင့် မျိုးစေ့နှုန်းထား လျှော့ချနိုင်ကာ၊ ပျိုးပင် ထိခိုက်မှုသက်သာပြီး အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစောစီးစီး ရရှိစေကြောင်း၊ Seeder နဲ့ စိုက်ပျိုးခြင်းအားဖြင့် မိုးစပါးအထွက်နှုန်းတိုးတက်ပြီး မျှော်မှန်း ပန်းတိုင် အထွက်နှုန်းကို ရရှိစေမှာဖြစ်လို့ တောင်သူတွေအနေနဲ့ သမရိုးကျ ကြဲခင်းစနစ်တွေအစား Seeder နဲ့ မျိုးစေ့ချ စိုက်ပျိုး ဖို့လိုအပ်ကြောင်း၊ တိုင်းဒေသကြီးရဲ့ စားရေရိက္ခာဖူလုံရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးထုတ်လုပ် နိုင်ခြင်းဖြင့် စိုက်ပျိုးသူ တောင်သူများအနေနဲ့ ဝင်ငွေတိုးတက်ရရှိကာ စီးပွားရေးအကျိုးအမြတ်များ ရရှိစေမှာဖြစ်ပြီး တိုင်းဒေ သကြီး လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်နေ တောင်သူများရဲ့ လူမှုစီးပွားဘဝများ တိုးတက်လာစေမှာဖြစ်လို့ တောင်သူများ အနေဖြင့် စိတ်ရောကိုယ်ပါ အားထည့် ဆောင်ရွက်စေလိုကြောင်း ဌာနများအနေဖြင့်လည်း လိုအပ်သည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာ များကိုလည်း ပံ့ပိုး ကူညီဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် အကူအညီများကို ပေါင်းစပ်ညှိနှိုင်း ပံ့ပိုး ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းများတိုးတက် အောင်မြင်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်ကော်မတီသို့ မျိုးစေ့ချ ကိရိယာများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တက်ရောက်လာသော တောင်သူများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက် များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ  ကိုးကွယ်ရန် မဲဖောက် လှူဒါန်းပေးသော ဘုရားဆင်းတုတော်များကို လှူဒါန်းပေးအပ်ခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း