မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ လွှတ်တော်ဝန်းအတွင်းနှင့် လွှတ်တော်အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ လွှတ်တော်ဝန်းအတွင်းနှင့် လွှတ်တော်အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

မကွေး   ဒီဇင်ဘာ  ၃၁

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများလိုက်ပါကာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်း ဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်၍ တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်းနှင့် လွှတ်တော် အဆောက်အအုံ များ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး သည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွှတ်တော်ဝန်းအတွင်း အဝင်လမ်း လှပသာယာသန့်ရှင်းမှု ရှိစေရေး ပန်းအလှပင်များစိုက်ပျိုး ပြင်ဆင်ဆောင်ရွက်နေမှု၊ လွှတ်တော်ရုံး အတွင်း အစည်းအဝေး ပြုလုပ်ရာတွင် လွှတ်တော် ဥက္ကဌနှင့် ကိုယ်စားလှယ်တော်ကြီးများ၏ ထိုင်ခုံ နေရာများ ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ထိုင်ခုံ၊ စားပွဲနှင့် နံရံများ အရောင်တင်ခြင်း ဆောင်ရွက်မှုနှင့် လုံခြုံရေးကင်းတဲ အဆောက်အဦ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ အမြန်ဆုံးပြီးစီး ဆောင်ရွက်နိုင်ရေးနှင့် ပြင်ဆင်မှုလုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း