မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေး      ဇန်နဝါရီ.    ၁၃

          မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်‌နေမှု အခြေ အနေများအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက်သို့ ရောက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်သည့် ပန်းပဲတန်းလမ်း အရှည် ပေ ၈၀၀၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံကာ မြို့ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက်ရှိ မင်းဘူးခရိုင်အားကစားကွင်းသို့ သွားရောက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မင်းဘူးခရိုင် လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်သည့် ခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အဖြစ် အားကစားကွင်း အတွင်းပတ်လမ်း အုတ်ရေမြောင်း ၁၃၀၂ ပေနှင့် အပြင်ပတ်လမ်း အုတ်ရေ မြောင်း ပေ ၁၈၀၀ ဆောင်ရွက်နေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရိုင်အားကစားကွင်းကြီး ရေရှည်အကျိုး ဖြစ်ထွန်း စေရေး တွက်ချက်ပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက် သွားရန်နှင့် အားကစားကွင်း အတွင်းသာမက မြို့ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို လည်း ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်းသို့ သွားရောက်ပြီး အဆိုပါ ကျောင်းအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်း အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရတိုက်ကျွေး နေမှုများကို သွားရောက် ကြည့်ရှု အားပေးကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရ သတင်း