မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ ဥယျာဉ်မှူးကိုယ်ပိုင် အလယ်တန်းကျောင်း ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဆုနှင်းသဘင်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဂီတအနုပညာ တင်ဆက်ပြသပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့၊ ဥယျာဉ်မှူးကိုယ်ပိုင် အလယ်တန်းကျောင်း ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဆုနှင်းသဘင်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဂီတအနုပညာ တင်ဆက်ပြသပွဲ အခမ်းအနား တက်ရောက်

မကွေး     ဇန်နဝါရီ      ၁၇

          မကွေးမြို့၊ ဥယျာဉ်မှူး ကိုယ်ပိုင်အလယ်တန်းကျောင်း ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဆုနှင်း သဘင်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဂီတအနုပညာ တင်ဆက်ပြသပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ်များမှ ဖိတ်ကြားထားသည့် တာဝန်ရှိသူများ၊ အခြေခံ ပညာနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ ဥယျာဉ်မှူးကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဒိုးပတ်၊ ဗုံ၊ အိုးစည်၊ စည်တော်များကို ဂီတစွမ်းရည်ပြသ၊ ကိုယ်တိုင်တီးမှုတ် သီဆို၍ ကပြ ဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ “တစ်နိုင်ငံ လုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံ ပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရေး” ကို အလေးအနက်ပြု ချမှတ်ထားပါကြောင်း၊ ဒါကြောင့် မကွေးတိုင်းဒေသ ကြီး အနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ဖို့နဲ့ ကျောင်းသား၊ ကျောင်းသူတိုင်း မူလတန်းနှင့် အလယ်တန်းပညာ (KG+9)ကို မဖြစ်မနေသင်ယူပြီး မြောက်ဖို့ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ကျောင်းပြင်ပ ပညာရေးကျောင်းများတွင် တက်ရောက် ပညာသင်ကြားနိုင်ရေးကို အလေးထားအားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေး၏ ရည်မှန်း ချက်များ အောင်မြင်ဖို့အတွက် ပညာရေးဝန်ထမ်း များဖြစ်တဲ့ ဆရာ၊ ဆရာမများမှာ အဓိက တာဝန် ရှိပေမယ့် “မိဘ၊ ဆရာပူးပေါင်း ကလေးပညာ ကောင်း” ဆိုတဲ့အတိုင်း ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးပမ်းအားထုတ်မှု၊ မိဘများရဲ့ကူညီပံ့ပိုးမှု၊ ဆိုဆုံးမမှု၊ ဆရာ ဆရာမများ၏ သင်ကြားပြသမှု၊ နည်းပေးလမ်းညွှန်မှု၊ ဒေသဆိုင်ရာ တာဝန်ရှိသူ များနဲ့ ပညာရေး ကိုအားပေးတဲ့ အသင်းအဖွဲ့များရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် ပိုမိုကောင်းမွန်တဲ့ ပညာရေးရဲ့ အောင်မြင်မှု ရလာဒ်များကို ရရှိလာမှာဖြစ်ပါကြောင်း၊ စနစ်သစ်ပညာရေးအရ ကျောင်းသူ၊ ကျောင်းသားများကို ပူးပေါင်းဆောင်ရွက် တတ်ခြင်း(Collaboration)၊ အချင်းချင်း ဆက်သွယ် ဆောင်ရွက်ခြင်း (Communication)၊ဝေဖန်ပိုင်းခြား နိုင်ခြင်းနှင့် ပြဿနာဖြေရှင်း တတ်ခြင်း (Critical Thinking & Problem Solving)၊ တီထွင်ဖန်တီး နိုင်ခြင်းနှင့် ဆန်းသစ်နိုင်ခြင်း (Creativity & Innovation) နိုင်ငံသား ကောင်းဖြစ်ခြင်း (Citizenship) တို့ကို လေ့ကျင့်သင်ကြား ပေးတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများ ရဲ့ ဘက်စုံပညာရေး စွမ်းဆောင်ရည် အရည်အသွေး ပိုမိုမြင့်မားလာစေမှာဖြစ်ပါကြောင်း၊ ၂၁ ရာစုရဲ့ သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်တွေဟာ လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးစွဲနိုင်ခြင်းကြောင့် ပိုမို လွယ်ကူမြန်ဆန်လာတာ၊ ဗဟုသုတများ ပိုမိုလေ့လာသိရှိခွင့်ရလာတာ မှန်ပေမယ့် ကျောင်းသား၊ ကျောင်းသူများက နည်းလမ်း မှန်ကန်စွာ အသုံးပြုတတ်ဖို့ အထူးသတိပြုရမယ်လို့ ဆရာ၊ ဆရာမများ၊ မိဘများ၊ တာဝန်ရှိသူများကို အကြံပြု လိုကြောင်း၊ ပညာဆိုတာ စာတွေ့တစ်ခုတည်းနှင့် မလုံလောက်ဘဲ လက်တွေ့နဲ့ ဘဝအတွေ့ အကြုံများ ချိတ်ဆက်ပေါင်းစပ် ပြီးတော့ မဖြစ်မနေသင်ကြားပေးဖို့ လိုအပ်ပါ ကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်တဲ့ ဆုနှင်းသဘင် အခမ်းအနားမှာ တက်ရောက်လာကြသည့် ပရိသတ် များသာမက အခြား အခြားသော မိမိတို့ နိုင်ငံသားလူထုလူတန်းစားများအားလုံး ပါဝင်တဲ့ အင်အားစုကြီး ဖြင့် ပညာရေး လုပ်ငန်းများကိုသာမက နိုင်ငံတော်ရဲ့အခြားသောနယ်ပယ် ကဏ္ဍများမှာလည်း စည်းလုံး ညီညွတ်စွာ လက်တွဲဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းနဲ့ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ စားရေးရိက္ခာ ဖူလုံ ပေါကြွယ်ဝရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အနာဂတ်မှာ ဆက်လက်တာဝန် ယူကြရမယ့် ကျောင်းသား လူငယ်များကို ဗလငါးတန်းနှင့် ပြည့်စုံပြီး ဘက်စုံထူးချွန်သည့် နိုင်ငံသားကောင်း ရတနာများအဖြစ် မွေးထုတ်ပေးကြစေလိုကြောင်း ပြောကြား သည်။

          ဆက်လက်ပြီး ဥယျာဉ်မှူးကိုယ်ပိုင် အလယ်တန်းကျောင်း တည်ထောင်သူ ဆရာမကြီး ဒေါ်ယဉ်ယဉ်ဖေက ဆုနှင်းသဘင်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဂီတအနုပညာ တင်ဆက် ပြသပွဲ အကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားကာ၊ ကျောင်းသား၊ ကျောင်းသူလေးများက ရောင်စုံပွင့်ဖူး ဥယျာဉ်မှူး တေးသီချင်းဖြင့် ဂီတစွမ်းရည်ပြသ၊ ကိုယ်တိုင် တီးမှုတ် သီဆို၍ ကပြဖျော်ဖြေ တင်ဆက် ခဲ့သည်။

          ထို့နောက် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဆုရရှိကြသူများနှင့် ဖျော်ဖြေရေးအဖွဲ့ များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဇနီး နှင့် တာဝန်ရှိသူတို့က  ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ၊ ဥယျာဉ်မှူး ကိုယ်ပိုင်အလယ်တန်း ကျောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများ၏  ဂီတအနုပညာ စွမ်းရည်ပြသမှုအဖြစ် ကိုယ်တိုင် တီးမှုတ် သီဆို  ကပြ ဖျော်ဖြေ တင်ဆက်မှုကို အားပေးကြည့်ရှုခဲ့ကြောင်း  သိရသည်။

နောက်ဆုံးရ သတင်း