မကွေး ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး မကွေးတက္ကသိုလ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပညာရည် မြင့်မားရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားသော အားကစားသမားများပေါ်ထွန်းရေး တက္ကသိုလ်အားကစားလောက မြင့်မားတိုးတက်စေရန်နှင့် တက္ကသိုလ်လက်ရွေးစင်မှ မြန်မာ့လက်ရွေး စင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အားကစားအမျိုးအစားအလိုက် ထူးချွန် သည့် အားကစားသမားကောင်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ မကွေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ် ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော် အရာကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြပြီး၊ မကွေးတက္ကသိုလ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းဘာသာရပ်အသင်းနှင့် ညွန်ပေါင်းအသင်း တို့ ပြိုင်ပွဲဝင် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဘာသာရပ်ပေါင်းစုံ(အမျိုးသား) ဘောလုံးပြိုင်ပွဲများတွင် နေရာအလိုက် တစ်ဦးချင်းအကောင်းဆုံးဆုရရှိသူများ၊ ပြိုင်ပွဲတွင် ပထမဆု ရရှိသော သမိုင်းဘာသာရပ်အသင်း၊ ဒုတိယဆုရရှိသော ညွန့်ပေါင်းအသင်း၊ တတိယဆု ရရှိသော ဓာတုဗေဒဘာသာရပ် အသင်းတို့အား ဆုကလပ်၊ ဆုဆွဲပြား၊ ငွေသားဆုနှင့် ပြိုင်ပွဲတွင် တံခွန်စိုက် ဆုရရှိသည့် သမိုင်းဘာသာရပ်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးတက္ကသိုလ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို (၉.၁.၂၀၂၆)ရက်နေ့မှ (၁၉.၁.၂၀၂၆)ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း(၇)သင်းမှ အုပ်စုပတ်လည် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် သရုပ်ပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။




