မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီး

အစိုးရအဖွဲ့

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျင်းပပြုလုပ်သည့် မင်းဘူးမြို့နယ် ကံကုလားကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ် လမ်းသစ်နှင့် စက္ကလချောင်းဖြတ် ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကျင်းပပြုလုပ်သည့် မင်းဘူးမြို့နယ် ကံကုလားကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ် လမ်းသစ်နှင့် စက္ကလချောင်းဖြတ် ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

မကွေး     ဇန်နဝါရီ     ၂၅

          (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မင်းဘူးမြို့နယ် ကံကုလားကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်နှင့် စက္ကလ ချောင်းဖြတ်ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားများကို ဇန်နဝါရီလ ၂၅ ရက် ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ မုခ်ဦနေရာများ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

          ဦးစွာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မင်းဘူးမြို့နယ် ကံကုလားကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်သူဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး၊ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်သည့် အိုးစည်၊ ဒိုးပတ် အကအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့သည်။

          ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဒီကနေ့ဖွင့်လှစ်လိုက်တဲ့ ကံကုလားကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း သစ်ဟာ ကျောက်စစ်ပုံ-ကံကုလားလမ်း (၂/၅-၃/ဝ)မိုင် အပိုင်းမှာ ပါဝင်ပြီး မိုးတွင်းအခါ လမ်းချိုင့်များ နှင့်သွားလာရခက်ခဲတဲ့အတွက် ကံကုလားကျေးရွာ တောင်သူများနှင့် တွေ့ဆုံပွဲမှာ ဒေသခံ ပြည်သူများမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် တင်ပြခဲ့တဲ့အတွက် ပြည်သူများ တင်ပြတောင်းဆိုခဲ့တဲ့ ကျောက်စစ်ပုံ-ကံကုလားကျေးရွာ ချင်းဆက်လမ်းမြေနီလမ်း (၂/၅)မိုင်၊ ကျောက်စံ- ကံသစ်- ကံကုလား ကျေးရွာချင်းဆက်လမ်း မြေနီလမ်း(၃/၂)မိုင်၊ မန်းကျိုး-ထုံးမကြီးလမ်း (ဝ/၀-ဝ/၂.၅)မိုင် အတွင်း မြေနီလမ်း (ဝ/၂.၅)မိုင်၊ မန်းကျိုး-ထုံးမကြီးလမ်း မိုင်တိုင် (ဝ/၂.၅-ဝ/၆.၇၄) မိုင်အတွင်း မြေနီလမ်း (ဝ/၄.၂၄)မိုင်၊ ရေတွင်းကုန်း ကျေးရွာဆားဗွက်ချောင်းတံတား ချဉ်းကပ်လမ်း၊ ရေတွင်းကုန်း- ဆင်လမ်းကြီးကျေးရွာချင်းဆက်လမ်း စတဲ့ လုပ်ငန်း(၆)ခု နဲ့ ယခု(၁)လမ်း၊ စုစုပေါင်း (၇)လမ်းကို မကွေးတိုင်းဒေသကြီးအစိုးရရဲ့ Quick Win အစီအစဉ်မှာ ထည့်သွင်းလျာထားပြီး ရန်ပုံငွေကျပ် (၄၁၉.၃၇၅)သန်းဖြင့် ဆောင်ရွက်ပေးခဲ့တာဖြစ်ပါကြောင်း၊ ယခုဖွင့်ပွဲကျင်းပတဲ့ လမ်းကို ဆောင်ရွက် ပြီးစီးပြီဖြစ်တဲ့အတွက် ဖြတ်သန်းသွားလာ အသုံးပြုနေတဲ့ ကျေးရွာ(၆)ရွာတို့မှ စိုက်ပျိုးရေး သီးနှံထွက် ကုန်များအား မြို့ပေါ်ဈေးကွက်များသို့ အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာနဲ့ ပို့ဆောင်နိုင်မှာ လည်း ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဟာ ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုး တက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နဲ့ ကျေးလက်နေပြည်သူများ၏ လမ်းပန်းဆက်သွယ်မှုတွေ ကောင်းမွန်လာရေးအတွက် ဦးစားပေး ဆောင် ရွက်လျက်ရှိရာမှာ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်မှာတော့ မကွေးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေ ကျပ်(၁၀.၀၅၆)ဘီလီယံခန့် အသုံးပြုပြီး ကွန်ကရစ်လမ်း (၆)လမ်း၊ ကတ္တရာလမ်း(၃)လမ်း၊ ကျောက်ချောလမ်း(၄)လမ်း၊ ဂဝံ/မြေနီလမ်း(၁၇)လမ်း၊ လမ်းစုစုပေါင်း (၃၀)လမ်း၊ မိုင်ပေါင်း (၂၈/၆.၆၅)မိုင်နှင့် ကွန်ကရစ်တံတား(၉)စင်း၊ ရေကျော်(၁၃)စင်း၊ ရေမြုပ်တံတား (၂)စင်း၊ မြေကာနံရံ (၁၁)ခု၊ Box Culvert (၁၇)စင်း၊ စုစုပေါင်း (၅၂)စင်း ပေရှည်ပေါင်း (၃၆၀၈)ပေ တို့ကိုဆောင်ရွက် ပေးနေတဲ့အတွက် လုပ်ငန်းအားလုံး ပြီးစီးပြီဆိုရင် မိမိတို့ တိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့ ကျေးရွာ ပေါင်း(၂၉၃)ရွာ ကျေးလက်နေ အိမ်ထောင်စု (၅၂၄၀၉)စုနဲ့ ပြည်သူ (၂၀၉၆၂၃)ဦးခန့်ကို လမ်းပန်း ဆက်သွယ်မှု လွယ်ကူချောမွေ့စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ များစွာအကျိုးပြု နိုင်မှာ ဖြစ်ပါကြောင်းနှင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်တဲ့အတွက်ကြောင့် ဒေသခံပြည်သူများ အနေဖြင့်လည်း ကျေးလက်လမ်းများ ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းကူညီထိန်းသိမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားကာ၊ ဒေသခံ ပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကံကုလားကျေးရွာ အနီးတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်  ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော စက္ကလချောင်းဖြတ် ကွန်ကရစ် တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ စက္ကလချောင်းဖြတ် ကွန်ကရစ် တံတားအား၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

          ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်သည့် အိုးစည်၊ ဒိုးပတ် အကအဖွဲ့များအား တိုင်းဒေ သကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး၊ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က စက္ကလချောင်းဖြတ် ကွန်က ရစ် တံတားအား ကြည့်ရှုစစ်ဆေးသည်။

          အဆိုပါ စက္ကလချောင်းဖြတ် တံတား၏ ဘေးနှစ်ဖက် Abutment များအား အမြင့် (၁၆) ပေ၊ အောက်ခြေအကျယ် (၈)ပေရှိ အုတ်ရိုးစီလုပ်ငန်းဖြင့် ဆောင်ရွက်ထားရှိပြီး၊ အလယ် Pier တိုင်မှာ (၆)လက်မ ပတ်လည် H-Beam များဖြင့် ဆောင်ရွက်ထားရှိကာ၊ တံတား၏ Slab ထု အား (၁၀) လက်မထု သံကူကွန်ကရစ်ဖြင့် ဆောင်ရွက်ထားရှိကြောင်း၊ ရေလမ်းကြောင်းအကျယ်မှာ ပေ(၅၀)ရှိပြီး တံတားအကျယ်မှာ (၁၄)ပေ ရှိကာ၊ ကံကုလားကျေးရွာမြောက်ဘက်ရှိကွင်းအမှတ် (၁၁၇၈၊ ၁၁၇၉၊ ၁၁၈၀)ကွင်းမှ ဧရိယာ( ၃၆၀) ဧကရှိ လယ်ယာ မြေများမှ ထွက်ရှိသည့်သီးနှံ၊ လယ်ယာထွက်ကုန် များအား ကံကုလားကျေးရွာသို့ နှစ်စဉ်ရာသီမရွေး အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင် မည်ဖြစ်ပြီး ရေလမ်းကြောင်းကို လုံလောက်သော အကျယ်အဝန်းရှိစေရန် ဆောင်ရွက်ထားသဖြင့် ရေကြီးနစ်မြုပ်မှုမှလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။

နောက်ဆုံးရ သတင်း